အခန်း ၁၄ ။ မျက်နှာပြောင်ခြင်း အနုပညာ

390 81 14
                                    

အခန်း ၁၄ ။ မျက်နှာပြောင်ခြင်း အနုပညာ

 

နောက်ထပ်သာယာသောနေ့လေးတစ်နေ့ စတင်ပြန်ချေပြီ။

 

နေမင်းကြီးသည် ကမ္ဘာမြေပြင်ထက်သို့ အလင်းရောင်များထုတ်လွှတ်ပေးရင်း အနွေးဓာတ်များပေးနေသော်ငြားလည်း ဆောင်းဥတုသို့ ကူးပြောင်းလာသည်နှင့်အမျှ လေပြေလေညင်းတို့ကပင် အေးစိမ့်လာလေပြီပင်။

ထိုသို့ ချမ်းအေးသောနေ့ရက်တွင် စိတ်လှုပ်ရှားနေမှုကြောင့် ချမ်းအေးမှုကိုပင် မခံစားနိုင်သေးသော တစ်ယောက်သောသူကတော့ စင်္ကြလမ်းတစ်လျှောက်၌ ပြေးလွှားသွားလျက်ဖြင့် တစ်နေရာသို့ ဦးတည်သွားနေလေသည်။

ဤမျှလောက်ထိ ပြုံးပျော်လျက်ဖြင့် ခုန်ပေါက်ပြေးလွှားသွားနေသောတစ်ယောက်သောသူကတော့ Ireneပဲပင်။

သူမလက်ထဲတွင်လည်း သံပုံးကြီးတစ်ခုရှိနေသည့်အပြင် ထိုသံပုံးထဲ၌လည်း ဖန်ဂေါ်လီလုံးတွေရှိနေလေ၏။

သူမသည် ထောင့်အကွယ်တစ်နေရာသို့ချိုးလိုက်သောအခါ၌ သူမကို စောင့်နေသော အမွှာညီအစ်ကို၂ယောက်ကိုတွေ့လိုက်ရတော့သည်။

“ရလာပြီလား” Fredကအရင်မေးလာလေသည်။

“ရလာပြီ”

Fred နှင့် Georgeတို့သည် ပရော်ဖက်ဆာMikeနှင့် သူမကြားထဲက ပြဿနာကိုတောင် သေချာမသိဘဲနဲ့ သူမကိုအကူအညီပေးကြသည့် သူများဖြစ်ကြကာ ဘယ်လိုဖြစ်နေနေ သူမကို ကူညီဖို့အသင့်ဖြစ်သူများထဲတွင် ပါဝင်လို့နေလေ၏။

ယခုအခါတွင်လည်း နေ့လည်၌ စတင်မည့် သူမတို့သုံးယောက်၏အကြံအစည်အတွက် လိုအပ်သည်များကို ပြင်ဆင်နေခြင်းပင်။

Georgeကလည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ကာ သူ့ဘောင်းဘီအိတ်ထဲက ဖောင်းပွနေသည့် အိတ်သေးသေးလေးနှစ်ခုကိုထုတ်လိုက်လေသည်။

ထိုအိတ်သေးသေးနှစ်ခုမှာ တင်းကျပ်စွာအပိတ်ခံထားရလေပြီး ဖောင်းပွနေလေ၏။

“ဒီမှာ အစ်ကို့အလှလေး မှာထားတဲ့ဟာ”

Ireneသည် ထိုအိတ်ထဲမှ တစ်ခုကိုယူလိုက်ကာ ကျန်တစ်ခုကိုတော့ Fredကိုပေးလိုက်၏။ “အစီအစဉ်ကိုမှတ်မိကြတယ်မလား”

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now