အခန်း ၃ ။ မခံစားဖူးခဲ့သော မိဘမေတ္တာ

563 88 6
                                    

အခန်း ၃ ။ မခံစားဖူးခဲ့သော မိဘမေတ္တာ

 

Irene သည် စာကြည့်ခန်းထဲသို့ မူလကိုယ်၏မှတ်ဉာဏ်ကိုသုံးကာ သွားလိုက်လေ၏။ မျိုးရိုးတစ်ခုလုံးက စာပေကိုခုံမင်သူများပီပီ စာကြည့်ခန်းမှာ အင်မတန့်ကိုကြီးကျယ်ခမ်းနားလှပေ၏။ Ireneမှာ စာဖတ်တတ်သူဖြစ်သော်လည်း မစားမသောက်ပဲနေရတဲ့ထိ စာကိုအရူးအမူးဖတ်တတ်သည့်ထဲတွင်မပါဝင်ပါချေ။ ပြောရရင် သူမအရူးအမူးဖတ်ဖူးတာဆိုလို့ Harry Potter ဝတ္ထုပဲရှိသည်လေ။ ကျန်တာကတော့ ဘဝအတွက်အထောက်အပံ့ရစေသည့်စာပေကောင်းများကိုသာ ရွေးချယ်ဖတ်တတ်သည်။

သူမ အံ့ဩတကြီးဖြင့် စာအုပ်စင်ကြီးများကိုကြည့်နေစဉ် စာအုပ်စင်ကြားထဲမှ စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးနှင့်ထွက်လာသူကတော့ သူမအစ်မဖြစ်သူပင်။

“မမနင်ဘာလို့ အဲ့လောက်ထိစာအုပ်အများကြီးကိုသယ်လာရတာလဲ”

“ညီမလေးကို မှော်လောက ထူးဆန်းတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းတို့ မှော်လောကဖြစ်တည်လာရတဲ့သမိုင်းကြောင်းတွေ ပြီးတော့ ညီမလေးလည်း အစ်မတက်တဲ့ Hogwartsကျောင်းတော်ကြီးမှာ လာတတ်ရတော့မယ်ဆိုတော့ တည်ထောင်သူလေးဦးရဲ့အကြောင်းကိုလည်းပြောပြမလို့လေ”

“ဟုတ်….ဟုတ်ပါပြီ လောလောဆယ်အဲ့စာအုပ်တွေကိုအရင်ချလိုက်ပါဦးလား မမ”

“အင်းအင်း”

ထို့နောက် Elaineသည် စာအုပ်များကို စနစ်တကျစီပြီး စားပွဲပေါ်၌ တင်ထားလိုက်တော့၏။ သူမတို့သည် ကြမ်းပြင်တွင်ခင်းထားသော ဈေးကြီးမည့်ပုံပေါ်သည့် နူးညံ့လှသောသားမွေးပေါ်တွင်ထိုင်လိုက်ကြသည်။

Elaine သည် သူမပေါင်ကိုပုတ်လိုက်ကာ Ireneကို သူမပေါင်ပေါ်၌ အိပ်ဖို့ ခေါ်လိုက်လေသည်။Ireneလည်း မတတ်သာဘဲ ပေါင်ပေါ်၌လဲလျောင်းလိုက်ရတော့သည်၊  သူမအစ်မသည် သူမ၏ဆံပင်များကိုသပ်ပေးရင်းဖြင့် နုနယ်လှသောကလေးလေးတစ်ယောက်ကို သိမ်မွေ့စွာဖြင့် ပုံပြင်ပြောပြနေသလိုမျိုးနှယ် စကားစပြောတော့သည်။

Ireneသည် ပုံမှန်ဆိုအိပ်ရာကထလာတာနဲ့အိပ်ငိုက်တတ်တာကရှားပါ၏။ သို့သော် Elaine၏နူးညံ့သိမ်မွေ့လှသော လေသံလေးက သူမကိုငိုက်မျဉ်းသွားစေဖို့လုံလောက်လေသည်။

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now