အခန်း ၈ ။ ဧရာမတစ္တေကြီးကို တိုက်ခိုက်ခြင်း

506 82 6
                                    

အခန်း ၈ ။  ဧရာမတစ္တေကြီးကို တိုက်ခိုက်ခြင်း

ယင်းဌက်မွေးပျံဝဲခြင်း အတန်းချိန်ပြီးနောက် အပြင်သို့ပြန်ထွက်လာလေသော Ron ၊ Harryနှင့်ကောင်လေးတစ်ဖွဲ့သည် Ron၏ မကျေနပ်ချက်များကိုနားထောင်နေရလေ၏။ “တကယ်တော့ လီဗီအိုးစာ ….လီဗီအိုစား မဟုတ်ဘူးတဲ့ ရှင်းရှင်းပြောရရင် သူက တတ်ယောင်ကားလုပ်နေတာလေ ဒါကြောင့် သူ့မှာသူငယ်ချင်းမရှိတာ အံ့ဩစရာမဟုတ်တော့ဘူး”

သူတို့၏နောက်တွင် Hermione နှင့် Ireneတို့ ပါလာတာကို မသိဘဲ စွတ်ပြောနေသော Ronကြောင့် Hermioneသည် စိတ်ထိခိုက်သွားကာ ငိုသွားတော့လေ၏။ သူမသည် အရင်ရှေ့ကနေ ငိုလျက် ပြေးထွက်သွားကာမှ Hermioneကိုမြင်တော့သည့် Ronတို့မှာ အသံတိတ်သွားတော့လေသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် Ron၏နာကျင်စွာအော်လိုက်သည့် အသံဗြဲကြီးထွက်ပေါ်လာလေသည်။

“အား……..”

“နာတယ်ပေါ့ ဟုတ်လား”

“Irene….နား…..နားရွက်ကို လွတ်ပေးပါ နာတယ်ဟ”

ထိုအခိုက် Ireneသည် နားရွက်လိမ်ဆွဲထားသည့် သူမလက်အားကိုပိုလို့ပင်တိုးလိုက်သေးပါ၏။

“အား...ငါ့နားရွက်နာနေပြီလို့ “ အမှန်ပင် Ronနားရွက်သည် လိမ်ဆွဲခံထားရတာကြောင့် နီရဲတွတ်နေလေပြီဖြစ်၏။

သို့သော် Ireneကတော့ လွတ်ကိုလွတ်မပေးပါချေ။ ထိုအစားသူမက ပြောလိုက်၏။ “ဘာတဲ့ သူငယ်ချင်းမရှိဘူးဟုတ်လား Hermioneမှာငါတစ်ယောက်လုံးရှိနေတာကို ငါကသွားသေပေးရမှာလား နင် အတင်းပြောချင်ရင် ရှေ့နောက်ကြည့်ပြော‌လေ သူများကကြားပြီးစိတ်ထိခိုက်သွားရင်ဘယ်လိုနေမလဲ မတွေးမိဘူးလား သူက နင့်ကိုစေတနာနဲ့သင်ပေးတာဟဲ့  ဆရာကြီးလုပ်နေတာမဟုတ်ဘူးလို့…….”

“အား…သိ…သိပါပြီ Ireneရယ် နောက်မပြောတော့ပါဘူး ငါ့နားရွက်လေးပြတ်ထွက်တော့မယ် လွတ်ပေးပါတော့”

“ဟွန့် ငါ Hermioneကိုသွားချော့ရဦးမှာမလို့ လွတ်ပေးလိုက်တာနော် မဟုတ်လို့ကတော့ နင့်နားရွက်နှစ်ဖက်လုံးတင်မကဘူး ဗိုက်ခါက်ကိုပါ ပြတ်ထွက်သွားအောင်လိမ်ဆွဲပစ်နေပြီသိလား”

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now