အခန်း ၁၆ ။ ပန်းသီးစိမ်းလေး🍏အတွက် မမျှော်မှန်းထားသော ခရစ်စမတ်လက်ဆောင်

402 79 10
                                    

အခန်း ၁၆ ။  ပန်းသီးစိမ်းလေးအတွက် မမျှော်မှန်းထားသော ခရစ်စမတ်လက်ဆောင်

သူငယ်ချင်းများ ၊ မိသားစုများ ၊ ရင်းနှီးသူအချင်းချင်း ခရစ်စမတ်နေ့၌ ပျော်ရွှင်နေကြချိန်တွင်

Malfoy စံအိမ်တော်ကြီးထဲရှိ အခန်းထဲတွင် ထိုင်နေလေသော ကောင်လေးတစ်ယောက်ကလည်း အစောက သူ့ကိုလာပို့သော လက်ဆောင်ဘူးလေးကို ဖောက်ကြည့်ဖို့ရန် ဟန်ပြင်နေလေသည်။

ထိုနေ့က လက်ဆောင်ပို့မည်ဟု သူမက သူ့ကိုအော်ပြောခဲ့သော်လည်း သူကတော့ ဂရုမစိုက်ခဲ့ပေ။

ယနေ့တွင်တော့ ဇီးကွက်လေးတစ်ကောင်က သူအခန်းထဲသို့ ပျံသန်းလာကာ ဘူးတစ်ဘူးကိုချပေးပြီးသည်နှင့် ထွက်သွားလေတော့၏။

သူသည်လည်း ထိုဇီးကွက်ကို ရင်းရင်းနှီးနှီးမြင်ဖူးထားပါ၏။ သို့သော် သူ့စိတ်ထဲ မရေမရာဖြစ်နေတုံးပင်။

ထိုစဉ် ဘူးပေါ်က ‘Draco’ ဟူသောလက်ရေးနှင့်ရေးထားသည့်နာမည်ကတ်ကို တွေ့ကာမှထိုလက်ရေးပိုင်ရှင်ဘယ်သူမှန်း တိကျစွာခန့်မှန်းမိလိုက်လေသည်။

သူသည် လက်ဆောင်ဘူးကို အပြေးဖွင့်ကြည့်မလို့ လုပ်မိသွားသောအခါ ကိုယ့်ကိုကိုယ်သတိထားမိသွားပြီးနောက် အရှက်ပြေချောင်းဟန့်လိုက်လေသည်။ ထို့နောက်မှ တည်တည်ငြိမ်ငြိမ်ဖြင့် လက်ဆောင်ဘူးရှိရာ စားပွဲပေါ်သို့သွားလိုက်ကာ ဖွင့်ကြည့်လိုက်တော့လေသည်။

Dracoသည် လက်ဆောင်ဘူးထဲမှ တစ်စုံတစ်ခုကို ယူလိုက်ကာ အနီးကပ်ကြည့်လိုက်လေသည်။

“ဘာလို့လက်စွပ်လဲ”

လက်စွပ်လေးသည်ကား အစိမ်းရောင်ကျောက်အကြည် စိုစိုတောက်တောက်လေးတစ်လုံးဖြင့် ရိုးရိုးရှင်းရှင်းပုံစံလေးပင်တည်း။ သို့သော် အနုစိတ်လှပေသည်။

Dracoသည် လက်ဆောင်က လက်စွပ်ဘာလို့ဖြစ်နေမှန်းကို နားမလည်နိုင်ပေ။

ထို့ကြောင့် သူသည် ဘူးထဲမှ စာတိုလေးတစ်ခုကို ယူလိုက်ကာ ဖတ်ကြည့်လိုက်လေ၏။

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now