အခန်း ၄ ။ Hogwarts ကျောင်းတော်ကြီးနှင့် Golden Trio

590 87 30
                                    

အခန်း ၄ ။ Hogwarts ကျောင်းတော်နှင့် Golden Trio

 

ယနေ့တွင်တော့ Ireneသည် Hogwarts ကို သွားရတော့မည်ဖြစ်သည်။

Ireneအတွက် အရောက်ချင်ဆုံးသောနေ့ရက်မလို့ သူမသည် အင်မတန့် အင်မတန်ကို စိတ်လှုပ်ရှားနေလေကာလက်ဖျားခြေဖျားတွေပါအေးစက်နေပြီး နှလုံးခုန်သံတို့သည်လည်း  ဝရုန်းသုန်းကား မြည်တမ်းနေလေသည်။ သူမစိတ်လှုပ်ရှားနေသည်ကို သတိထားမိသည့် အစ်မဖြစ်သူကလည်း သူမကို ဘူတာရုံသို့သွားသည့်လမ်းတစ်လျှောက်၌ စကားတွေအများကြီးပြောပေးလေသည်။

ထို့ကြောင့် သူမလက်တွေလည်းအနည်းငယ်တော့နွေးသွားပြီပင်။ သို့သော် ရင်ဘတ်ထဲကနှလုံးခုန်သံကိုတော့ခုချိန်ထံတားဆီးမရသေးပေ။ အခုန်မြန်နေဆဲဖြစ်၏။

ဘူတာရုံသို့ရောက်သောအခါ Ireneသည် အသ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးကို စိတ်ကိုအေးအေးထားလိုက်လေသည်။ ထိုစဉ် သူမတို့ရဲ့ အထုတ်တွေကို တွန်းလှည်းပေါ်သို့တင်ပြီးသွားတာကြောင့် သူမလည်းထိုသို့သွားလိုက်ကာ ကိုယ်တိုင်တွန်းလိုက်တော့သည်။

ဘူတာရုံသည်ကား အတော်လေးကိုလူစည်ကားလှသည်ပင်။ ဆူညံနေသော စကားပြောသံ ၊အဆောတလျင်သွားနေကြသော ခြေသံတွေ ၊ ရထားဥဩသံတို့သည် ခြိမ့်ခြိမ့်သဒ ဆူညံနေလေ၏။

 

သူမတို့ ဘူတာရုံသို့ရောက်လာသည့်အချိန်သည် နောက်လဲနောက်မကျသလိုစောလဲမစောပင်။ အချိန်မှီပင်ဖြစ်၏။

 

ထို့ကြောင့်သူမတို့သည်အေးဆေးသွားလို့ရသည်ပင်။ မေမေကတော့ အမေပီသစွာ သမီးကြီးကို အမှာစကားတွေ‌ခြွေပြီးနောက် Ireneဘက်သို့လှည့်လာလေပြီ။

“သမီး ဟိုရောက်ရင် သူငယ်ချင်းတွေအများကြီးထားနော်မကြောက်နဲ့ ပရော်ဖက်ဆာတွေရော ကျောင်းအုပ်ကြီးကရော သဘောကောင်းတဲ့သူတွေပဲ စာနားမလည်လဲမေးချေ ပျော်ပျော်သာနေ စိတ်သိပ်ညစ်မခံနဲ့ ပြီးတော့ဆေးကိုမှန်မှန်သောက် အစားကိုလည်းအချိန်မှန်စား သေချာဝါးစားနော် မဟုတ်ရင် အစာမကြေဖြစ်မယ် ဆေးကိုတော့ မမေ့ဘဲအချိန်မှန်သောက် နေကောင်းပြီဆိုပြီးတော့မသောက်ပဲနေလို့မရဘူး သမီးအစ်မကိုလည်းဆေးကိုယ်တိုင်လာတိုက်ဖို့မှာထားတယ် တကယ်လို့စာသင်နေရင်းနှလုံးအောင့်လာတာရှိရင် ဖြစ်ဖြစ် နေထိုင်မကောင်းတာခံစားလာရရင် ဖြစ်ဖြစ် မကြောက်ပဲနဲ့ ပရော်ဖက်ဆာကိုသာပြောလိုက် ဟုတ်ပြီလား”

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now