ဇာတ်လမ်းအကျဥ်းချုပ်

2.1K 81 0
                                    

ဇာတ်လမ်းအကျဥ်းချုပ်

ဝူမြောင်မြာင်သည် ကဝေမျိုးနွယ်စု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။သူမနှစ်နှစ်အရွယ်တွင် ဆရာသခင်က သူမ၏ဖူးစာဖက်ကို ရှာတွေ့ခဲ့သည်။သူမအသက်(၁၈)နှစ်ပြည့်သောအချိန်တွင် သူမ၏ဖူးစာရှင်နှင့် သွားရောက်တွေ့ဆုံသင့်ပြီဟု ခံစားမိလေသည်။ထို့ကြောင့် သူမ၏ကျောင်းလွယ်အိတ်ကို ယူကာ မြို့ထဲသို့ ရထားစီးသွားလေသည်။

“ချစ်ယောကျာ်းလေးရေ ကျွန်မနဲ့အတူတူ တောင်တန်းတွေဆီကို ပြန်လိုက်ခဲ့နော်။”

ကျိလန် ရယ်မောလိုက်သည်။သူတွေ့ဖူးသမျှ တစ္ဆေများထဲတွင် သတို့သားလောင်းအဖြစ် ပြန်ပေးဆွဲဖို့ လာသည့်သူကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

“ဒါဆို အရင်ဆုံး ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေးကို မယူသင့်ဘူးလား။”

ကျိလန် ပြောလိုက်သည်။

ဝူမြောင်မြောင် ခေါင်းညိတ်ပြလိုက်လေသည်။ဒါဟာ ယုတ္တိရှိသည်ဟု ခံစားမိတာမို့ သူမယောကျာ်းလက်ကို ဆွဲကာ အိမ်ပြန်လာခဲ့သည်။   

ကျိလန်သည် အိမ်မက်တစ္ဆေဝင်စားသူဖြစ်သည်။အကယ်၍ သူသာ အပြည့်အဝ ပြန်လည်နိုးကြားလာမည်ဆိုလျှင် လူသားမျိုးနွယ်တစ်ခုလုံး အိမ်မက်ဆိုးတွေထဲမှာ နစ်မြုပ်နေလောက်အောင် လုပ်နိုင်စွမ်းရှိမှာဖြစ်သည်။မည်သူ့အိမ်မက်ကိုမဆို ဝင်ရောက်နိုင်ပြီး သူတို့အိမ်မက်များကို စူးစမ်းလေ့လာပြီး သူတို့၏အနက်ရှိုင်းဆုံးမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည်။

ဒီစွမ်းအားကြောင့် နှစ်ပေါင်း(၂၀)ကြာအောင် ကျိလန်မှာ ကောင်းကောင်း အိပ်ရသည့်ညမရှိပေ။ကဝေမျိုးနွယ်စုမှ မိန်းကလေးကို တွေ့သည့်နေ့အထိ အိမ်မက်ဆိုးများထဲတွင် ဒုက္ခရောက်နေခဲ့ရသည်။သူမကို ပထမဆုံး စတွေ့သည့်နေ့တွင် သူမအိပ်ရာပေါ် အိပ်ပျော်နေခဲ့တာဖြစ်သည်။

ကျိလန်-“မင်းက ငါ့မိန်းမလို့ ပြောလိုက်တာလား။”(နောက်ဆုံးတော့ ငါ ကောင်းကောင်း အိပ်လို့ရပြီကွ (#^.^#))”

လောကီလူသားများသည် အိမ်မက်ဆိုးစွမ်းအားကို ကြောက်ရွံ့ကြသည်။သူ၏စွမ်းအားအပြည့်အဝ ပြန်လည်နိုးလာပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်မှာ ကြောက်နေကြသည်။သူနိုးထာလာတာနဲ့ အဆုံးသတ်ပစ်ရန် သူ့ဘေးနားတွင် သူလျှိုများလာထားကြသည်။

ကဝေမဒီလေးWhere stories live. Discover now