အခန်း ၁၃ ၊ ၁၄ ။

234 26 0
                                    

အခန်း ၁၃ ။ ယွမ်သန်းပေါင်းများစွာ ထိုက်တန်သော ဆန္ဒမဲများ

 

တုန်ရုန်းယွမ်သည် အိပ်မက်ကောင်းစေသည့် အရုပ်ကို အိပ်မက်ကောင်း မက်ရန်အတွက်သက်သက် မဟုတ်ဘဲ ယူလာခဲ့တာဖြစ်သည်။အိပ်မက်ကောင်းစေသည့်အရုပ်ကို ရရှိသောနေ့တွင် သူဟာ ညတွင်းချင်း ရှန်ဟိုင်းမြူနီစီပယ်အသင်းကြီး၏အကြီးအကဲဖြစ်သော ရှုကျီထံသို့ ပေးပို့ခဲ့သည်။

 

အကြီးအကဲရှုသည် အရုပ်ကို တစ်ညလုံး စူးစမ်းလေ့လာခဲ့ရာ ထူးထူးခြားခြား ဘာမှမတွေ့ရပေ။

 

“အိပ်စက်ဖို့အထောက်အကူပြုတဲ့ အာရုံကြောတွေကို ငြိမ်သက်အောင် ကူညီပေးတဲ့ အကျိုးအာနိသင်ကလွဲလို့ ဒီအရုပ်က တခြားဘာမှ ထူးဆန်းတာမပါဘူး။”

အကြီးအကဲရှုက ဗီဒီယိုကောခေါ်ဆိုမှုတွင် ထို့သို့ပြောကြားခဲ့သည်။

 

“ဝူမြောင်မြောင်က ဘယ်ဂိုဏ်းကလဲဆိုတာ ဆရာသိလား။”

တုန်ရုန်းယွမ်က မေးလိုက်သည်။

 

“ငါလည်း မပြောတတ်ဘူး။”

အကြီးအကဲရှုက ခေါင်းယမ်းလိုက်ပြီး

“ဒါပေမယ့် အရုပ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားအနည်းငယ် ပါနေတာကြောင့် သူ့ရဲ့ဂိုဏ်းမှာ လျှို့ဝှက်ထားတဲ့ နည်းပညာတစ်ခုပဲဖြစ်မယ်။”

 

သူတို့လို ရုပ်လွန်ပညာအဖွဲ့အစည်းမှ ဂိုဏ်းသားများအနေနှင့် အဆောင်ရေးဆွဲခြင်းအကြောင်း ဗဟုသုတများ ရှိကြပါသည်။အဆောင်လက်ဖွဲ့များမှ တစ်ခုဖြစ်သည့် စိတ်ကိုအေးချမ်းစေသော အဆောင်တစ်ခုကို ရေးဆွဲနေကျဖြစ်သည်။သို့သော် အိမ်မက်ကောင်းစေသောထိုအရုပ်ရဲ့ အစွမ်းအားလောက် မထက်ပေ။အရုပ်ထဲမှ တွေ့ရသော ဝိညာဉ်စွမ်းအားသည်လည်း အတော်လေး နည်းလှသည်။ဤသည်မှာ ထိုအရုပ်အား ဖန်တီးခဲ့သူမှာ ဝိညာဉ်ရေးစွမ်းအား သိပ်မမြင့်မားပေမဲ့ ပြိုင်ဘက်ကင်းနည်းလမ်းကို အကျိုးရှိရှိ အသုံးချတတ်ပေသည်။

 

“ဆရာသခင် ကျွန်တော်တို့ရဲ့ ရုပ်လွန်ပညာဂိုဏ်းသားတွေက အိပ်မက်ဆိုးအရှင်ကို မကောင်းဆိုးဝါးတစ်ကောင်လို့ တွေးရမယ်လို့ ဆရာပြောခဲ့တာမဟုတ်ဘူးလား။ဒါဆို ဝူမြောင်မြောင်က ဘာလို့ ကျွန်တော်တို့သူဌေးနဲ့ အတူရှိနေရတာလဲ။ပြီးတော့ သူက သူဌေးနဲ့ စေ့စပ်ထားတဲ့ပုံပဲ။”

ကဝေမဒီလေးWhere stories live. Discover now