အခန်း ၁၅ ။

248 31 0
                                    

အခန်း ၁၅ သေချင်နေရင် သစ်လုံးခံတပ်ရွာကို ပြန်လိုက်တော့

“ကားကို ဘယ်လိုမောင်းနေတာလဲ။”

“ကားပါကင်မှာ ထိုးနေရင်းတောင် တခြားကားကို တိုက်မိနိုင်တယ်။မင်း ယာဉ်မောင်းလိုင်စင်ကို ပိုက်ဆံပေးပြီးများ ဝယ်ခဲ့တာလား။”

“ဒီကားက အခုမှအသစ်ဝယ်ထားတာနော်။”

“မြန်မြန် ရဲကိုခေါ်လိုက်။ရဲကိုခေါ်။”

ကျိလန်သည် အခုမှ အတိတ်ပုံရိပ်မှ ထွက်လာကာရှိသေး သူ့ပတ်ဝန်းကျင်ရှိ စွပ်စွဲသံတွေကြောင့် အတော်လေး ဒေါသထွက်ပြီး အတော်လေး စိတ်ရှုပ်နေပုံနှင့် အော်လိုက်လေသည်။

“အရမ်းကိုဆူညံနေတာပဲ။”

အငြှိုးအတေးစွမ်းအင်များကြောင့် ပုံမှန်အားဖြင့် ကျိလန်၏ အသွင်အပြင်မှာ တစ်ပါးသူများအတွက် ကြောက်စရာကောင်းနေပြီးသားဖြစ်သည်။ယခုအချိန်တွင်  သူ၏ဒေါသနှင့် ရန်လိုမှုများမှာ  သူ့အား စိတ်မတည်မငြိမ်ဖြစ်စေ၏။သူဟိန်းဟောက်သံသည် ပို၍ပင် ပြင်းထန်လာပြီး အုတ်အုတ်ကျက်ကျက်ဖြစ်နေသော လူအုပ်ကြီးကိုပင် ရုတ်တရက် ငြိမ်သက်သွားစေလေသည်။

ကားပါကင်ထိုးရာ နေရာရှိ လူများမှာ နှစ်စက္ကန့်မျှ တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။အေးစက်ဖွယ် ထိတ်လန့်မှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အားလုံးလည်း အသိပြန်ဝင်လာကာ စိတ်ရှုပ်ထွေးသွားကြလေသည်။

*အခုလေးတင် ဘာဖြစ်သွားတာလဲ။

‌နေပါဦး။တရားခံကများ သူတို့ကို လာအော်ရဲတယ်ပေါ့။တော်တော်လေး ထောင်လွှားနေပါ့လား။*

အားလုံးက ထပ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် တိုင်းရင်းသားဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ယောက် ပြေးထွက်လာပြီး ကျိုးကျိုးနွံနွံ တောင်းပန်လေသည်။

ကဝေမဒီလေးWhere stories live. Discover now