အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ

483 58 2
                                    

အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ

 

 

ကျိလန်သည် ခြေလှမ်းများကို ရပ်တန့်လိုက် သူ့ထံသို့ အဆက်မပြတ် ချဉ်းကပ်လာနေသည့် တစ္ဆေကို စိုက်ကြည့်ရင်း သူ့အနား ဘယ်လောက်ထိ နီးကပ်နိုင်မည်ကို သိချင်နေမိသည်။

 

သူက ဝူမြောင်မြောင်ကို စိုက်ကြည့်နေသလို ဝူမြောင်မြောင်ကလည်း သူ့ကိုကြည့်နေလေ၏။ အတိအကျပြောရလျှင် သူမ စိုက်ကြည့်နေသည်မှာ သူ့ဘေးပတ်ပတ်လည်တွင်ရှိနေသော အရာများကိုဖြစ်သည်။ ထိုအရာများမှာ တစ္ဆေတွေရဲ့ နာကြည်းမှုတွေနဲ့ လူသားတွေရဲ့ ရန်ငြိုးဖွဲ့မှုတွေနှင့် ရောယှက်နေသည့်  အလွန်ရှုပ်ထွေးလှသော မှော်နက်စွမ်းအားများဖြစ်သည်။ သဘာဝတရားကြီး၏ ဝိညာဉ်စွမ်းအား အနည်းငယ်ပင် ရောယှက်နေသေးပါ၏။ထိုအရာများသည် မတူညီသော စွမ်းအင်အမျိုးမျိုးဖြင့် ရောနှောနေသော်လည်း သဟဇာတဖြစ်နေလေကာ ထူးခြားသန့်စင်သော စွမ်းအင်ရှိသည့် ကိုယ်ထည်နှင့် ပေါင်းစပ်နေကြလေသည်။ သူမဆရာ၏စကားအရ တိမ်တိုက်မည်းများနှင့်တူသည့် အရိပ်မည်းများသည် အင်မတန်သန့်စင်ကြောင်း သူမ ကြားဖူးသည်။

 

သူမ ဒီမြို့ကို ရောက်လာကတည်းက မြို့ထဲ၌နေကြသောလူများသည် သူမတို့ရွာကလူများထက် အငြှိုးအတေး ပိုကြီးကြသည်ကို  သတိပြုမိသည်။ဤသည်မှာ မြို့ကြီးပြကြီးတွေမှာ အလုပ်များလွန်းပြီး လူအချင်းချင်း ဆက်ဆံရေးတွေက ရှုပ်ထွေးလွန်းလာကာ ဒေါသ၊ နာကျည်းမှု၊အထွင်လွဲမှုများနှင့် တခြားအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေက အငြှိုးအတေးစွမ်းအားတွေအား ပိုမိုဖြစ်ပွားလာစေမှန်း သူမသိပါ၏။ပင်လယ်ဈေးထဲသို့ ဝင်ပြီးလိုက်သည်နှင့် သူမဖြတ်လျှောက်သွားမိသော အထပ်မြင့် အဆောက်အအုံထဲတွင် ထိုကဲ့သို့ အနက်ရောင်စွမ်းအားမျိုးကို  တွေ့လိုက်ရသေးသည်။သို့သော် သူမရှေ့တွင် ရောက်နေသည့် အနက်ရောင်တိမ်တိုက်များကတော့ အတော်လေးကို သန့်စင်ပြီး နှစ်သက်ဖွယ်ကောင်းလှပေသည်။

 

ထိုအရာမှာ အစွမ်းထက်ပြီး လှပကာ ကဝေမျိုးနွယ်များ နှစ်ခြိုက်ကြသည့် အနက်ရောင်တောက်နေသော ပုလဲနှင့်ဆင်တူလေ၏။

ကဝေမဒီလေးМесто, где живут истории. Откройте их для себя