Part - 2 ( Unicode )

308 17 0
                                    

ဒီလမ်း ဒီနေရာ တွေကို သူခေါင်းထဲမှာရင်းနှီးနေသလိုခံစားနေရသည်။

တိုးတိုးလေးတိုက်နေတဲ့ လေညှင်းလေးတွေရယ် ရေခဲမုန့်စားနေတဲ့ ကလေးလေးရယ် ကလေးရဲ့ လက်ကလေးကိုဆွဲထားတဲ့သူ့အမေရယ်။

သူမှတ်မိသလောက် ဒါဟာ သူနဲ့လရောင်တို့ ရဲ့ပထမဆုံး ဆုံခဲ့တဲ့ နေ့လေးပဲ။

"အားး " ~~~~

အတွေးမဆုံးခင် ဘောလုံး တစ်လုံးကသူ့ခေါင်းကို အရှိန်ပြင်းစွာလာမှန်သည်ါ

" ညီလေး အဆင်ပြေရဲ့လား ဆောရီးနော် "

ချိူမြိန်လှတဲ့ ခပ်သြသြ စကားသံနဲ့ အတူ
လူတစ်ယောက် ပြေးလာသည်။

"ဟင် . . . .လရောင် "

စိတ်ထဲကနေ ရေရွတ်လိုက်သည်။ဒီအသံ ဒီမျက်နှာကို သူမမှတ်မိစရာအကြောင်းမရှိ။ စိုးရိမ်တကြီးနဲ့ကြည့်နေသော လရောင်ရဲ့မျက်ဝန်းတွေကို သူမော့ကြည့်လိုက်မိသည်။

အဲဒီနေ့ကအတိုင်း လရောင်ဟာဘောလုံးအင်္ကျီ
ခေါင်းစည်းအဖြူနဲ့ချွေးတွေ စီးကျနေခဲ့သည်။

" ရော့ ညီလေး မင်းစာရွက်တွေ ကိုယ်ကောက်ပေးခဲ့လိုက်တယ် ကိုယ့်ကြောင့် ညစ်ပတ်သွားရင် တောင်းပန်တယ်နော်"

လရောင်ကမ်းပေးသော စာရွက်တွေကိုယူလိုက်ရင်း သူ့ပါးစပ်က"ရပါတယ်"ဟုတိုးတိုးလေးပြောလိုက်သည်။

"ညီလေး မင်းဆံပင်မှာ ဖုန်တွေပေသွားတယ်ထင်တယ် "

ပြောရင်းနဲ့ ဖွာလန်ကြဲနေတဲ့သူ့ဆံပင်တွေကို ခပ်ဖွဖွလေး လာကိုင်တဲ့လရောင်ကို သူမှင်သက်စွာငေးကြည့်နေမိသည်။

လက်ထဲက နာရီကို ငုံ့ကြည့်လိုက်တော့
ရက်စွဲက⌚1. May . 2017 ⌚ မနက် ၉ နာရီ

ဟင်းး ဒါဆို ဒါဟာ လွန်ခဲ့တဲ့တစ်နှစ်ခွဲက ဖြစ်ခဲ့တာပဲ။အချိန်တွေ နောက်ပြန်လည်သွားတာလား ???ဲသူ . . . . . . ခေါင်းတွေ ထူပူသွားသည်။

💚💚💚

📆 1 . November . 2018 📆

ဆေးနံ့တွေက ပြင်းလွန်းလှသည်အသက်ရှူရကြပ်ပြီးမျက်လုံးတွေက ပြာဝေလွန်းလှသည်။

သူ ဝိုးတဝါး မြင်နေရတာကအဖြူရောင်ဆေးရုံနံရံ တစ်ခုနဲ့သူ့ကိုဝိုင်းစမ်းနေတဲ့ ဆရာဝန်နဲ့နာ့စ်မတစ်စု။
နာကျင်လွန်းသော ဒဏ်ရာကို အန်တုရင်းသူတစ်ချက်ညည်းလိုက်သည်။

"လူနာ သတိရလာပြီ " ဆိုတဲ့အသံတွေကြား
သူရှုပ်ထွေးစွာ တွေးနေမိသည်။

သူမှတ်မိတာတစ်ခုပဲ ရှိသည်လရောင်ရဲ့မင်္ဂလာပွဲသွားနေတဲ့ လမ်းတစ်ဝက်မှာသူ့ကို ကားတစ်စီးကဝင်တိုက်ခဲ့တာပင်ဖြစ်သည်။

"ဟာ . . .ဘာတွေ ဖြစ်ကုန်တာလဲ " ??

🎀🎀🎀

"လရောင် . . . ."

အာခေါင်ခြစ်အော်လိုက်ရင်း ကျွန်တော်ရုတ်တရက် လန့်နိုးလာပြန်သည်။ သေချာတာ တစ်ခုက
ကျွန်တော် ဆေးရုံမှာ မဟုတ်တော့။

နာကျင်ကိုက်ခဲ နေတာတွေမရှိတော့ပဲတစ်ကိုယ်လုံး လန်းဆန်းနေသလိုခံစားရသည်။ဘေးနားက ပြက္ခဒိန်ကို လှမ်းကြည့်တော့" 2. May. 2017 " 🌈

ကမ္ဘာကြီးပဲ နောက်ပြန်လည်သလား
ကျွန်တော်ပဲ ရူးသွားသလား မသိနိုင်တော့။

ဖြတ်ခနဲ ဝင်လာတဲ့အတွေးတစ်ခုက ကျွန်တော့ကို
စိုးမိုးသွားသည်။ကျွန်တော်ဟာ အတိတ်ကိုပဲ တကယ်ပြန်လည်နေခဲ့သလား ?

စမ်းသပ်ဖို့တော့လိုပြီ ။
ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

လရောင်နဲ့ အဖြစ်အပျက်တွေကို
စိတ်ထွက်ပေါက်အနေနဲ့အသေးစိတ်ရေးထားတဲ့
ဘီရို ညာဘက် အံဆွဲထဲက ကျွန်တော့ရဲ့
ဒိုင်ယာရီစာအုပ်အဟောင်းလေးကို ထုတ်လိုက်ပြီး
" 2.5.2017 " ရဲ့ စာမျက်နှာများကိုလှန်လိုက်သည်။

~~ ဒိုင်ယာရီ ထဲမှာကတော့ ~~📚" ထုံးစံအတိုင်း ကျွန်တော်သင်တန်းကိုပျင်းပျင်းနဲ့ ထွက်လာခဲ့တယ်။ ကံဆိုးချင်တော့ခြံတံခါးဟထားတဲ့ အိမ်တစ်အိမ်ရှေ့အရောက်မှာခွေးစုတ်ဖွား တစ်ကောင်လိုက်ကိုက်လို့ပြေးရသေးတယ်။ကံကောင်းချင်တော့ ခွေးပိုင်ရှင်ကကျွန်တော့ကို ဘောလုံးနဲ့ ထုခဲ့တဲ့ ကိုယ်တော်ချောပဲဖြစ်နေပြန်တယ်။သူ့ခွေးလေးကို ဆူနေတဲ့ပုံစံလေးက ချစ်စရာဟိဟိ အိန္ဒြေလေးထိန်းဦးမှပါ " 📚

ဒိုင်ယာရီကိုပိတ်လိုက်ရင်း သူပြုံးလိုက်သည်။
အတိတ်ကိုရောက်နေတာ ဟုတ်မဟုတ်ဆိုတာ
သူစမ်းသပ်ရပေမည်။

သူခန့်မှန်းတာမှန်ရင်တော့လရောင်ဟာ အဲဒီနေ့တွင် ဘောလုံးအင်္ကျီအပြာဝမ်းဆက်ဝတ်ထားလေသည်။

Today ( Completed)Where stories live. Discover now