Part - 11 ( Unicode )

226 13 0
                                    

💛💛💛

Ruka ဟာ လရောင်နဲ့ ယမင်းပျိူကို
ထိုင်ခုံအကွယ်ကနေ ချောင်းကြည့်နေမိသည်။တစ်ဖက်ဝိုင်းတွင် လရောင် ကို စူးစိုက်ကြည့်နေသော
ယမင်းပျိူရဲ့ မျက်ဝန်းတွေက မီးဟုန်းဟုန်းတောက်နေပြီး အငွေ့တွေတောင် ထွက်လုမတတ်ပင်

ယမင်းပျိူ ရဲ့ ပုံစံမှာ မြင်ယုံနဲ့တင် ဒေါသ
ထွက်နေမှန်း သိသာလှသည်။

Ruka ခိုးကြည့်နေရင်း ကျိတ်ပြုံးနေလိုက်သည်။

" ဖြန်း "

Ruka ကြည့်နေဆဲမှာပင် ယမင်းပျိူက လရောင်ရဲ့
ပါးကို ဖြန်းခနဲ မြည်အောင်ရိုက်လျက် ထိုနေရာမှ
ဆောင့်အောင့်ထွက်သွားလေသည်။

Ruka ဟာ လရောင်အတွက် စိတ်ပူသွားရကာ ပုန်းနေရာမှ အပြေးသွားလိုက်သည်။

" အကို အရမ်းနာသွားလား ကြည့်ရအောင် "

လရောင်က သူ့ပါးကို လှမ်းကိုင်လိုက်သော
Ruka လက်ကို ဆွဲထားလိုက်ကာ

" မနာပါဖူး ကလေးရယ် ဒီလောက်တော့ ခံရမှာပဲ
ကိုယ်က သူ့ကို သွားအသုံးချမိတာကို "

"နေပါဦး အကိုက ဘာတွေပြောလိုက်လို့်
အဲမိန်းမကပါးရိုက်တဲ့ အဆင့်ထိ ဖြစ်သွားရတာလဲ "

"ကိုယ်က ဂေးတစ်ယောက်လို့ ကိုယ့်မှာ ကောင်လေး
ရှိတယ်လို့မိန်းကလေးတွေကို လုံး၀ ခံစားလို့ မရဖူးလို့ ပြောလိုက်တယ်လေ "

လရောင်စကားကြောင့် Ruka က တဟားဟားနဲ့
အော်ရယ်လိုက်သည် ။

"ကဲကိုယ့်ကို ဒီလောက်လှောင်ရရင်တော်ပါတော့ ကိုယ့်ပါး အရမ်းစပ်နေလို့ ကလေး ဆေးကုပေးမှ ဖြစ်တော့မယ် "

"ကျွန်တော်က ဆရာဝန်မှ မဟုတ်တာ
ဘယ်လို ကုပေး ရမှာလဲ "

"ကလေး နှုတ်ခမ်းလေးနဲ့ ကုပေးရင် ရတယ် "

လရောင်က သူ့ပါးတစ်ဖက်ကို ဖောင်းကာ
ထိုးပေးလာသောကြောင့် Ruka က ခြေဖျားထောက်လျက် လရောင် ရဲ့ ပါးကို ဖွဖွလေး နမ်းလိုက်သည်။

သူတို့ နှစ်ယောက်ကိုမြင်ပြီး ကော်ဖီလာချပေးတဲ့ စားပွဲထိုးလေးတောင် ရှက်ပြီးပြုံးလျက် ပြန်လှည့်ထွက်သွားသည်။

ကော်ဖီဆိုင်ကျဉ်းကျဉ်းလေးမှာတော့
သူ့တို့နှစ်ယောက်ရဲ့ ချိူမြိန်လှတဲ့ အနမ်းတွေဟာ
လွင့်ပျံနေလျက် ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

💛💛💛

ဒီနေ့ကတော့ လရောင် နဲ့ Ruka တို့်ရဲ့
လက်မှတ်ထိုးပွဲ နေ့လေး ဖြစ်သည်။ နှစ်ဖက်သော
မိဘတွေကို အချိန်တော်တော်ကြာ အတိုက်ခံ
လုပ်ပြီးနောက် သူတို့နှစ်ယောက်ဟာ Church
ကျောင်းမှာ လက်မှတ်ထိုးပြီး နှစ်ဦးသဘောတူ
လက်ထပ်ဖို့ စီစဉ်ထားခဲ့တာပင်။

အဖြူရောင် ဝတ်စုံပြည့် အနောက်တိုင်းဝတ်စုံနဲ့
ကြည့်ကောင်းလှသော ကိုယ့်ကိုယ်ကို မှန်ထဲမှာ
ထပ်ခါ တလဲလဲ ပြန်ကြည့်နေမိသည်။

အခုဆို လရောင်လည်း ပြင်ဆင်ပြီး
ထွက်လာလောက်ရောပေါ့ Ruka ဟာ အပေါ်မှာ
စောင့်နေရင်း စိတ်ကလည်း လောနေတာမို့
တိုက်ခန်းအောက်မှာပဲ စောင့်တော့မယ်ဟု တွေးလျက် တံခါးပိတ်ကာ အောက်ကို ဆင်းလာခဲ့သည်။

" လရောင် "

အဝေးက လာနေသော လရောင်ရဲ့ ဆိုင်ကယ်ကို
မြင်လိုက်တာကြောင့် Ruka လမ်းမပေါ်တတ်ကာ
လက်လှမ်းပြလိုက်သည် ။

သိပ်မကြာခင်မှာ သူတို့ နှစ်ယောက်ရဲ့ အိမ်မက်လေးတွေ အကောင်အထည်ပေါ်လာတော့မှာမို့
သူ ပျော်နေမိသည် ။

နောက်ကျောဘက်ကလာနေတဲ့ ကားကိုတော့
Ruka မမြင်လိုက်မိ။

" ဒုန်း "

ထိုအချိန်လေးအတွင်းမှာပဲ Ruka ဟာ
နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး
လေထဲမြောက်တတ်သွားသလို ခံစားလိုက်ရသည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် သူဘာဆိုဘာမှမသိတော့ လရောင်ရဲ့ သူ့နာမည်အော်လိုက်သံကို
သဲ့သဲ့လေးသာ ကြားလိုက်ရပြီး တစ်လောကလုံး အမှောင်ကျသွားလေသည်။

Today ( Completed)Wo Geschichten leben. Entdecke jetzt