Part - 5 ( Zawgyi )

4.9K 427 0
                                    

💛 ( ဖြတ်​ထိုးဉာဏ်​ ) 💛

Rukaဟာ တစ်​​နေ့တစ်​​နေ့ 2017 က
ဒိုင်​ယာရီ စာအုပ်​ကိုဖတ်​လိုက်​ လ​ရောင်​ နဲ့
ယမင်းပျို မနီးစပ်း​ရေးအတွက်​ နည်းမျိုးစုံ
သုံးကာ အကြံဥာ​ဏ်​ ​တွေ ထုတ်​လိုက်​နဲ့
အလုပ်​​တွေ ရှုပ်​​နေရသည်

လ​ရောင်​ နဲ့ မ​တွေ့ဖြစ်​​သော တချို့နေ့​တွေ
မှာ​တော့ Ruka ဒိုင်​ယာရီထဲ ​လရောင်နဲ့
ပတ်သက်ပြီးေ​​​ရးထားတာ ဘာမှမရှိ

ထို​နေ့​မျိုး​တွေဆို လ​ရောင်​ဟာ 
သေချာ​ပေါက်​ ယမင်းပျို နဲ့ အတူရှိ​နေမှာ
ဆိုတာ ကိုလည်း Ruka ကသိသည်

အခုလည်း ​Ruka ဟာ အ​ဆောင်​ခန်း​ထဲမှာ 
ခေါက်​တုန့်​​ခေါက်​ပြန်​လမ်း​လျှောက်​လျက်
အကြံထုတ်​​နေရင်း လ​ရောင်​ကို ဖုန်း​ခေါ်
လိုက်​မည်​ ဟု ဆုံးဖြတ်​လိုက်​သည်

" ဟယ်​လို "

လ​ရောင်​ရဲ့ သြရှရှ အသံချိုချို​လေး​ကြောင့်
Ruka မှာ ရင်​​တွေခုန်​သွားသည်​ကို
ထိန်းလိုက်​ရင်း " အကို ဘယ်​မှာလဲ " ဟု
မေးလိုက်​သည်

ဘာကိုမှမသိရှာ​သော လ​ရောင်​က​တော့ . .

" ကိုယ်​ အခု ယမင်း ​မွေး​နေ့မို့
ဘုရား လိုက်​ပို့ ​ပေး​နေတာ "

"အကို Ruka ဖျား​နေလို့ အကိုများ 
ဆေးလာပို့ ​ပေးနိုင်​မလားလို့ ဖုန်းဆက်
ကြည့်​တာ မအားလည်း ​နေပါ​စေ "

"အရမ်း ဖျား​နေတာလား Ruka
ကျန်းမာ​ရေးကို ဂရုစိုက်​မှ​ပေါ့ ကိုယ်​အခု
ယမင်းကို ပြန်​ပို့ပြီးတာနဲ့ Ruka အ​ဆောင်​ကို
လာခဲ့မယ်​ ​စောင့်​​နေ​နော်​ "

" အင်း အကို ဆက်​ဆက်​လာခဲ့နော်​ "

Rukaဟာ နှာ​ခေါင်းကိုပိတ်​လျက်​ 
နေမ​ကောင်း၍ အားပြတ်​​နေ​သော အသံတု
လုပ်​​ပြောမိ​သော ကိုယ့်​ကိုကိုယ်​ တခိခိ နဲ့
ကြိတ်​​ရယ်​လိုက်​သည်​ 

ဖျားသည်​ဟု ​ပြောမိ​ပြောရာ​တွေ ​ပြောလိုက်
တာကြောင့်​ Ruka ဟာ အ​ကောင်းကြီးက​နေ 
နေမ​ကောင်းဖို့ ဥာဏ်​များရ​ပေသည်

Today ( Completed)Where stories live. Discover now