Part - 11( Zawgyi)

5.3K 398 0
                                    

💛💛💛

Ruka ဟာ လ​ရောင်​နဲ့ ယမင်းပျိုကို
ထိုင်​ခုံအကွယ်​က​နေ ​ချောင်းကြည့်​​နေမိသည်​။တစ်ဖက်ဝိုင်းတွင် ​​​​လ​ရောင်​ ကို စူးစိုက်​ကြည့်​​နေ​သော
ယမင်းပျိုရဲ့ မျက်​၀န်း​တွေက မီးဟုန်းဟုန်း​တောက်​​နေပြီး
အ​ငွေ့​တွေ​တောင်​ ထွက်​လုမတတ်​ပင်

ယမင်းပျို ရဲ့ ပုံစံမှာ မြင်​ယုံနဲ့တင်​ ​ဒေါသ
ထွက်​​နေမှန်း သိသာလှသည်​။

Ruka ​ခိုးကြည့်​​​နေရင်း ကျိတ်​ပြုံး​နေလိုက်​သည်

" ဖြန်း "

Ruka ကြည့်​​နေဆဲမှာပင်​ ယမင်းပျိုက လ​ရောင်​ရဲ့
ပါးကို ဖြန်းခနဲ မြည်​​အောင်​ရိုက်​လျက်​ ထို​နေရာမှ 
ဆောင့်​​အောင့်​ထွက်​သွား​လေသည်

Ruka ဟာ လ​ရောင်​အတွက်
စိတ်​ပူသွားရကာ ပုန်း​နေရာမှ အ​ပြေးသွားလိုက်​သည်

" အကို အရမ်းနာသွားလား ကြည့်​ရ​အောင်​ "

လ​ရောင်​က သူ့ပါးကို လှမ်းကိုင်​လိုက်​​သော
Ruka လက်​ကို ဆွဲထား လိုက်​ကာ

" မနာပါဖူး က​လေးရယ်​ ဒီ​လောက်​​တော့ ခံရမှာပဲ
ကိုယ်​က သူ့ကို သွားအသုံးချမိ​တာကို "

"​နေပါဦး အကိုက ဘာ​တွေ​ပြောလိုက်​လို့်
အဲမိန်းမကပါးရိုက်​ တဲ့ အဆင့်​ထိ ဖြစ်​သွားရတာလဲ "

"ကိုယ်​က ​ဂေးတစ်​​ယောက်​လို့ ကိုယ့်မှာေ​​ကာင်​​လေး
ရှိတယ်လို့​မိန်းက​လေး​တွေကို လုံးဝ ခံစားလို့ မရဖူးလို့ ​ပြောလိုက်​တယ်​​လေ "

လ​ရောင်​စကား​ကြောင့်​ Ruka က တဟားဟားနဲ့
အော်​ရယ်​လိုက်​သည်

"ကဲကိုယ့်​ကို ဒီ​လောက်​လှောင်​ရရင်​တော်​ပါ​တော့ ကိုယ့်​ပါး အရမ်းစပ်​​နေလို့ က​လေး ​​ဆေးကု​ပေးမှ ဖြစ်​​တော့မယ်​ "

"ကျွန်​​တော်​က ဆရာဝန်​မှ မဟုတ်​တာ
ဘယ်​လို ကု​ပေး ရမှာလဲ "

"က​လေး နှုတ်​ခမ်း​လေးနဲ့ ကု​ပေးရင်​ ရတယ်​ "

လ​ရောင်​က သူ့ပါးတစ်​ဖက်​ကို ​ဖောင်းကာ
ထိုး​ပေးလာ​သော​ကြောင့်​ Ruka က ​ယခြေဖျား​ထောက်​လျက်​ လ​ရောင်​ ရဲ့ ပါးကို ဖွဖွ​လေး နမ်းလိုက်​သည်

သူတို့ နှစ်​​ယောက်​ကိုမြင်​ပြီး ​ကော်​ဖီလာချ​ပေးတဲ့ စားပွဲထိုး​လေး​တောင်​ ရှက်​ပြီးပြုံးလျက်​ ပြန်​လှည့်​ထွက်​သွားသည်

ကော်​ဖီဆိုင်​ကျဉ်းကျဉ်း​လေးမှာ​တော့
သူ့တို့နှစ်​​ယောက်​ရဲ့ ချိုမြိန်လှ​တဲ့ ​​အနမ်း​တွေဟာ
လွင့်​ပျံ​နေလျက်​ ဆိုင်​တစ်​ခုလုံးကို ဖုံးလွှမ်းသွား​လေသည်

💛💛💛

ဒီ​နေ့က​တော့ လ​ရောင်​ နဲ့ Ruka တို့်ရဲ့
လက်မှတ်ထိုးပွဲ ​​နေ့​လေး ဖြစ်​သည်​။ နှစ်​ဖက်​​သော
မိဘ​တွေကို အချိန်​​တော်​​တော်​ကြာ အတိုက်​ခံ
လုပ်​ပြီး​နောက်​ သူတို့နှစ်​​ယောက်​ဟာ Church 
ကျောင်းမှာ လက်​မှတ်​ထိုးပြီး နှစ်ဦးသေ​ဘာတူ
လက်ထပ်​​ဖို့ စီစဉ်​ထားခဲ့တာပင်

အဖြူ​ရောင်​ ၀တ်​စုံပြည့်​ အ​နောက်​တိုင်းဝတ်​စုံနဲ့
ကြည့်​​ကောင်းလှ​သော ကိုယ့်​ကိုယ်​ကို မှန်​ထဲမှာ
ထပ်​ခါ တလဲလဲ ပြန်​ကြည့်​​နေမိသည်

အခုဆို လ​ရောင်​လည်း ပြင်​ဆင်​ပြီး
ထွက်​လာ​လောက်​​ရော​ပေါ့ Ruka ဟာ အ​ပေါ်မှာ 
စောင့်​​နေရင်း စိတ်​ကလည်း ​လော​နေတာမို့
တိုက်​ခန်း​အောက်​မှာပဲ ​စောင့်​​တော့မယ်​ဟု ​တွေးလျက်​ တံခါးပိတ်​ကာ ​အောက်​ကို ဆင်းလာခဲ့သည်

" လ​ရောင်​ "

အ​ဝေးက လာ​နေ​သော လ​ရောင်​ရဲ့ ဆိုင်​ကယ်​ကို
မြင်​လိုက်​တာ​ကြောင့်​ Ruka လမ်းမ​ပေါ်တတ်​ကာ
လက်​လှမ်းပြလိုက်​သည်

သိပ်​မကြာခင်​မှာ သူတို့ နှစ်​​ယောက်​ရဲ့ အိမ်​မက်​​လေး
တွေ အ​ကောင်​အထည်​​ပေါ်လာ​တော့မှာမို့
သူ ​ပျော်​​နေမိသည်

နောက်​​ကျောဘက်​ကလာ​နေတဲ့ ကား​ကို​တော့
Ruka မမြင်​လိုက်​မိ

" ဒုန်း "

ထိုအချိန်​​လေးအတွင်းမှာပဲ Ruka ဟာ
နာကျင်​မှုကို ခံစားလိုက်​ရပြီး တစ်​ကိုယ်​လုံး
လေထဲ​မြောက်​တတ်​သွားသလို ခံစားလိုက်​ရသည်

ပြင်းထန်​လှ​သော နာကျင်​မှု​ကြောင့်​ သူဘာဆိုဘာမှမသိ
တော့ လ​ရောင်​ရဲ့ သူ့နာမည်​​အော်​လိုက်​သံကို
သဲ့သဲ့​လေးသာ ကြားလိုက်​ရပြီး
တစ်​​လောကလုံး အ​မှောင်​ကျသွား​လေသည်

Today ( Completed)Where stories live. Discover now