Part - 2 ( Zawgyi )

10.7K 493 6
                                    


ဒီလမ်း ဒီ​နေ​ရာ ​တွေကို သူ​ခေါင်းထဲမှာ
ရင်းနှီး​နေသလိုခံစား​နေရသည်

တိုးတိုး​လေးတိုက်​​နေတဲ့ ​လေညှင်း​​လေးတွေရယ်​ 
ရေခဲမုန့်​စား​နေတဲ့ က​လေး​လေးရယ်
က​လေးရဲ့ လက်က​​လေးကိုဆွဲထားတဲ့
သူ့အ​မေရယ်

သူမှတ်​မိသ​လောက်​ ဒါဟာ သူနဲ့လ​ရောင်​တို့ ရဲ့
ပထမဆုံး ဆုံခဲ့တဲ့ ​နေ့​လေးပဲ

" အားး " ~~~~

အ​တွေးမဆုံးခင်​ ​​ဘောလုံး တစ်​လုံးက
သူ့​ခေါင်းကို အရှိန်​ပြင်းစွာလာမှန်​သည်

" ညီ​လေး အဆင်​​ပြေရဲ့လား ​ဆောရီး​နော်​ "

ချိုမြိန်​လှတဲ့ ခပ်​သြသြ စကားသံနဲ့ အတူ
လူတစ်​​ယောက်​​ ပြေးလာသည်

" ဟင်​ . . . .လ​ရောင်​ "

စိတ်​ထဲက နေ ​ရေရွတ်​လိုက်​သည်
ဒီအသံ ဒီမျက်​နှာကို သူမမှတ်​မိစရာအ​ကြောင်းမရှိ

စိုးရိမ်​တကြီးနဲ့ကြည့်​​နေ​သော လ​ရောင်​ရဲ့မျက်​၀န်း
တွေကို သူ​မော့ကြည့်​လိုက်​မိသည်

အဲဒီ​နေ့ကအတိုင်း ​လ​ရောင်​ဟာ
ဘောလုံးအကျီ်​ ​ခေါင်းစည်း​အဖြူနဲ့
ချွေး​တွေ စီးကျ​နေ​ခဲ့သည်

" ​ရော့ ညီ​လေး မင်းစာရွက်​​တွေ ကိုယ်​​ကောက်
ပေးခဲ့လိုက်​တယ် ကိုယ့်​​ကြောင့်​ ညစ်​ပတ်​သွားရင်​ 
တောင်းပန်​တယ်​နော်​"

လ​ရောင်​ကမ်း​ပေး​သော စာရွက်​​တွေကို
ယူလိုက်​ရင်း သူ့ပါးစပ်​က"ရပါတယ်​"ဟု
တိုးတိုး​လေးပြောလိုက်​သည်

" ညီ​လေး မင်းဆံပင်​မှာ ဖုန်​​တွေ
ပေသွားတယ်​ထင်​တယ်​ "

ပြောရင်းနဲ့ ဖွာလန်​ကြဲနေတဲ့
သူ့ဆံပင်​​တွေကို ခပ်​ဖွဖွလေး လာကိုင်​တဲ့
လရောင်​ကို သူမှင်​သက်​စွာငေးကြည့်​​နေမိသည်

လက်​ထဲက နာရီကို ငုံ့ကြည့်​လိုက်​​တော့ ရက်​စွဲက

⌚1. May . 2017 ⌚ မနက်​ ၉ နာရီ

ဟင်းး ဒါဆို ဒါဟာ လွန်​ခဲ့တဲ့
တစ်​နှစ်​ခွဲက ဖြစ်​ခဲ့တာပဲ

Today ( Completed)Where stories live. Discover now