Part - 10 ( Unicode)

197 12 0
                                    

Part - 10 ( Unicode)

💛 ( Kiss ) 💛

"ကျွတ် . .မင်းခ ရာ ဖုန်းကိုင်စမ်းပါ ဘာလို့
အခုထိ မလာသေးတာလဲ "

အဆောင်ကို မင်းခ ပြန်လိုက်ပို့မယ်ဟု
ပြောသောကြောင့် Ruka ဟာ လက်ထဲမှာလည်း
ဆံပင်တုကြီးကိုင်လျက် မိန်းကလေးအဝတ်အစားတွေ မလဲရသေးပဲ နားနေခန်း ထဲမှာ ဖုန်းခေါ်ရင်း
စောင့်နေတာဖြစ်သည် ။

မိတ်ကပ်တွေလည်း မဖျက်ရသေးသောကြောင့်
စိတ်တွေလည်း ကျဉ်းကျပ်လှပြီ ။

" Ruka . .ကိုယ် ဝင်ခဲ့မယ်နော် "

အခန်းတံခါးကို ခပ်တိုးတိုး ဖွင့်လာရင်း
လရောင် ဖြေးဖြေးချင်းဝင်လာသည်။

"အစ်ကို. .အရက်တွေ သောက်လာတာလား "

အနားကပ်လာတဲ့ လရောင်နားကနေ အရက်နံ့
သင်းသင်းရနေသောကြောင့် Ruka က
နှာခေါင်းရှုံ့လျက် မေးလိုက်သည်ဓ

"ဟုတ်တယ် ကိုယ်စိတ်ညစ်လို့ ဘီယာသောက်လာတာ Ruka အိမ်ပြန်မှာမလား ကိုယ်လိုက်ပို့မယ် "

"ရတယ် ကျွန်တော့ကို မင်းခ လာကြိုမှာ "

"လမ်းမှာ မင်းခနဲ့ တွေ့လို့ ကိုယ် သူ့ကို ပြန်ခိုင်း
လိုက်ပြီ ကိုယ်လိုက်ပို့မယ် "

လရောင်ဟာ မူးနေပုံရတာကြောင့် Ruka က
လရောင်ကို ထိန်းလျက် ဆိုင်ကယ်ကို ဖြေးဖြေးချင်း
မောင်းလာရသည်။အဆောင်ကိုရောက်တော့
လရောင်ဟာ မပြန်သေးပဲ Ruka ရဲ့ အခန်းရှေ့ထိ
လိုက်လာသည်။

" အကို ပြန်တော့ "

Ruka က အခန်းတံခါးပိတ်လိုက်သည်ကို
လရောင်က အပိတ်မခံပဲ တွန်းဖွင့်လိုက်ပြီး Ruka ကို
တွန်းလိုက်ပြီးမှနံရံနားထိ တိုးကပ်လိုက်ကာ
Rukaတစ်ကိုယ်လုံးကို အပေါ်စီးမှ သိမ်းကျုံးကြည့်လျက်

"Ruka ဒီနေ့အရမ်းလှတယ် မိန်းကလေး အစစ်
တစ်ယောက်အတိုင်းပဲ Ruka ဘဲလေးကတာကို
ကြည့်ပြီး ကိုယ်ရင်တွေ တဒိတ်ဒိတ်ခုန်နေတာ
ကိုယ့်ခံစားချက်တွေကို ဘယ်လိုမှထိန်းမရတော့ဖူး "

လရောင်ဟာ Ruka ကို ရီဝေဝေကြည့်လျက်
ပြောလိုက်ရင်း လရောင်ရဲ့ နှုတ်ခမ်းအစုံဟာလည်း
Ruka နှုတ်ဖျားဆီသို့ ခပ်ကြမ်းကြမ်းပင် ကျရောက်လာခဲ့သည်။

Today ( Completed)Where stories live. Discover now