Part - 12 ( ဇာတ်​သိမ်း )

11.2K 590 12
                                    

ဇာတ်​သိမ်းပိုင်း 💛

နာကျင်လှတဲ့ ဒဏ်ရာေ​​တြွ​ကားက​နေ Ruka
ရုတ်​တရက်​ လန့်နိုး လာပြန်​သည်​ တစ်​ကိုယ်​လုံး
ထုံကျင်​နေပြီး သူ့တစ်​ကိုယ်​လုံးမှာလည်း 
ဆေးထိုးအပ်​​တွေ ပိုက်​​တွေနဲ့ သွင်း​ထား
သော​ကြောင့်​ တဆစ်​ဆစ်​ကိုက်​​နေလျက်

သူ့အာရုံထဲမှာ အမြင်​​တွေကေ၀၀ါး​နေကာ
မျက်​နှာကျက်​ ဖြူဖြူကို ခပ်​​ရေး​ရေးသာ
မြင်​​နေရသည်

ဆိုးလွန်း​လှတဲ့ ​ဆေးနံ့ ​တွေ​ကြောင့်
သူ​ရောက်​​နေတာ ​ဆေးရုံ တစ်​ခုပဲ ဟု
Ruka သိလိုက်​သည်

" Ruka "

နာမည်​ ​ခေါ်သံကြား​သော​ကြောင့်​ Ruka
မျက်​လုံးကိုခပ်​​မှေး​မှေးပင်​ ဖွင့်​ကြည့်​လိုက်​သည်

စိုးရိမ်​ပူပန်​​နေ​သော မျက်​နှာထားတဲ့ အဖြူ​ရောင်
သတို့ သားဝတ်​စုံကို ၀တ်​လျက်​ လ​ရောင်​က
အခန်းထဲ ​ပြေးဝင်​လာသည်

မှုန်​၀ါးဝါးသာ မြင်​​နေရ​သော်​လည်း လ​ရောင်​ရဲ့
မျက်​နှာ​လေးဟာ အဖြူ​ရောင်​၀တ်​စုံ
လေး​ကြောင့်​လား မသိ ခါတိုင်းထက်​ပို၍
ရှင်း​​​​​သန့်​ကြည်​လင်​​နေသလိုပင်

"Opreation ၀င်​တာ အောင်​မြင်​လို့
တော်​သေးတယ်​ Ruka ခွဲစိတ်​ခန်းဝင်​​နေတဲ့
တစ်​ချိန်​လုံး ကိုယ်​စိတ်​ပူလွန်း လို့ ရူး​မတတ်ပဲ
အားတင်းထား​နော်​ Ruka ​ဘေးမှာ
ကိုယ်​အချိန်​ပြည့်​ရှိ​နေ​ပေးမယ် "

Ruka ရဲ့ ဆံပင်​​လေး​တွေကိုသပ်​တင်​​ပေးရင်းမှ
လ​ရောင်​က ​ဖြေး​ဖြေးချင်း​ ပြောလိုက်​သည်

တစ်​ဖက်​ကလည်း ​ဖျော့​တော့​နေ​သော
Ruka လက်​က​လေး​တွေကို တင်းကျပ်​စွာ
ဆုပ်​ကိုင်​လျက်

Ruka ဟာ နာကျင်​လှ​သော ဒဏ်​ရာ​တွေကို
အံ့တုရင်း ပြုံးရုံသာ ပြုံးပြလိုက်​သည်

ထို့​နောက်​ သူသိချင်​လွန်း​သော အ​ကြောင်းအရာ
တစ်​ခုကို နှုတ်ခမ်းကေ​န ​တစ်​လုံးချင်း
အားယူကာ ​မေးလိုက်​သည်

" ဒီ​နေ့ . . . .ဘာ​နေ့လဲ "

❤❤❤

ပြီးပါပြီ

( စာကြွင်း​လေး​တော့ကျန်​ပါ​သေးတယ်
ဆက်​ဖတ်​​နော်​)😝

တကယ့်​ ဇာတ်​သိမ်း 😊 💙💜💛

တကယ်​​တော့ Ruka ဟာ 2018 ကို
ပြန်​​ရောက်နေခဲ့တာပါ လက်​ရှိ ပစ္စုန်​ပ္ပန်​ကို​ပေါ့

အချိန်​စက်​၀န်း​တွေ ဆုံမှတ်​အဖြစ်​ဖြတ်​သွားမိတဲ့
အချိန်​ခဏ​လေးမှာ Ruka ဟာ
မေ့​မျော​နေစဉ်​အတွင်း အိမ်​မက်ရှည်​တစ်​ခုအဖြစ်
အတိတ်​ကာလကို ပြန်​​ရောက်​သွားခဲ့တာပါ

ဆေးရုံမှာ သူနိုးနိုးလာချင်း အဖြူ​ရောင်​သတိုးသား
ဝတ်​စုံနဲ့ လ​ရောင်​ကို မြင်​လိုက်​တာ​ကြောင့်

လ​ရောင်​ဟာ ယမင်းပျိုနဲ့ ပဲ
မင်္ဂလာ​ဆောင်​ခဲ့တာလား ??

သူနဲ့ လက်​မှတ်​ထိုးဖို့ပဲ သွားခဲ့တာလား ??

ဆိုတာ ​ဝေခွဲ မရ ဖြစ်​ခဲ့ပါ​သေးတယ်

တကယ်​တမ်း​တော့ လ​ရောင်​ဟာ
လက်​ရှိပစ္စုပ္ပန်​မှာ လည်း ​ယမင်းပျိုနဲ့
မင်္ဂလာပွဲကို ဖျက်​ခဲ့ပြီး​တော့ အကုန်​လုံးကို
တောင်းပန်​ကာ သူချစ်​ရ​တဲ့ကောင်​​လေး
Ruka ဆီကို အ​ပြေးတစ်​ပိုင်းထွက်​လာခဲ့တာပါ

အဲဒီချိန်​မှာပဲ Ruka မထင်​မှတ်​ပဲ ကားတိုက်​ခံ
လိုက်​ရတာကို သူ မြင်​ခဲ့ရတာပါ

အခုအချိန်​မှာ​တော့ Ruka ဟာလည်း
နေ​ကောင်း​ပျောက်​ခါစ ​ဆေးရုံက ဆင်းလို့
လ​ရောင်​နဲ့ ​ပျော်​​ပျော်​ရွင်​ရွင်​ အတူ​နေ​နေပါပြီ

လ​ရောင်​က​တော့ ချစ်​စရာ​ကောင်းလှတဲ့
Ruka ကို စိတ်​မချတဲ့ အတွက်​ သူ့အိမ်​က​နေ
Ruka အ​ဆောင်​ကို အပြီး​ပြောင်း​လာကာ
အခန်းကျဉ်းကျဉ်းက​လေးမှာ အတူ​နေလျက်
အချစ်​​တွေကို တစ်​​နေ့တစ်​မျိုး
မရိုး​အောင်​ ပုံ​ဖော်​​နေကျတော့သည်​ 💓💓

_______________________________________

A/N

ကဲ ဇာတ်​လမ်း​လေးကို ဒီမှာပဲ
အဆုံးသတ်​လိုက်​ပြီ​နော်
စာဖတ်​သူ​တွေ ​ကျေနပ်​ကျမယ်​လို့
မျှော်​လင့်​ပါတယ်​ 💚

ပထမဆုံး စပြီးလှမ်းခဲ့မိတဲ့ BL Fic လေးမို့
လိုအပ်ချက်လေးတွေကို နားလည်ပေးကျပါ
လို့ပြောကြားရင်း

ချစ်တဲ့.....

#A Seinn Kyaw 💚

Today ( Completed)Opowieści tętniące życiem. Odkryj je teraz