Part - 6 ( Zawgyi)

4.9K 410 0
                                    

လ​ရောင်​ဟာ Ruka ​နေမ​ကောင်းတဲ့ 
နေ့ကစပြီး ​နေ့တိုင်းေ​ဆး​တွေလာတိုက်​လိုက်
မုန့်​​တွေလာပို့လိုက်​နဲ့ ဂရုတစိုက်​ရှိလှတာမို့
Ruka က ကြိတ်​ပြီးကျေနပ်​နေရသည်

ဒီလိုရက်​​တွေဟာ Rukaအတွက်
အတိတ်​မှာတုန်းက မကြုံဖူးတဲ့
အသစ်​အဆန်း​တွေ ဖြစ်​တာ​ကြောင့်
Ruka မှာ လ​ရောင်​ရဲ့ အနီးကပ်
ဂရုစိုက်​မှု​တွေကို ရင်​ခုန်ုပြီးရင်းခုန်ေ​နကာ
စိတ်​​လှုပ်​ရှားလွန်းရပါသည်

" Ruka ကိုယ်​၀ယ်​လာတဲ့ ဆန်​ပြုတ်​​လေး 
သောက်​လိုက်​​​နော်​ ပြီးရင်​ဆေး​သောက်​ရမယ်​ "

"ဟင့်​အင်း ကျွန်​​တော်​ မ​သောက်​ချင်​ဖူး "

"​ဆေးမ​သောက်​ရင်​ Ruka ဘယ်​လိုလုပ်
နေ​ကောင်း​​ပျောက်​မှာလဲ သောက်​လိုက်​ပါကွာ
Ruka ကလိမ္မာပါတယ်​"

"ကျွန်​​တော်​ ​နေ​ကောင်​​ပျောက်​သွားရင်
အကိုက အခုလိုမျိုး ဂရုစိုက်​​တော့မှာ
မဟုတ်​ဖူး​လေ "

Ruka က ​ခေါင်း​လေးငုံ့ကာ 
မျက်​နှာငယ်​​လေးနဲ့ ​ပြောလိုက်​တာမို့
လ​ရောင်​က ရယ်​လိုက်​ကာ
Ruka​ ​ခေါင်းကို ဖွဖွ​လေးပုတ်​လိုက်​ပြီး

"ကိုယ့်​ညီ​လေးပဲ ကိုယ်​က အချိန်​တိုင်း
ဂရုစိုက်​မှာ​ပေါ့ "

ဟု ရယ်​ကာ ​ပြောလိုက်​သည်

ညီ​လေးတဲ့လား အကိုရယ်​ ကျွန်​​တော်​က
အကို့ ချစ်​သူ ဖြစ်​ချင်​တာပါ

Ruka က အိပ်​လိုက်​ဦးမယ်​ဟုဆိုကာ
လ​ရောင်​ကိုကျော​ပေးလျက်​ အိပ်​​နေလိုက်​သည်

လ​ရောင်​က​တော့ Ruka နိုးလာမှ
ပြန်​မည်​ဟုဆိုကာ စာအုပ်​တစ်​အုပ်​ကို
ဖတ်​လျက်​ ထိုင်​​စောင့်​​နေတာပင်

တစ်​နာရီ​လောက်​အကြာမှာ​တော့ Ruka
အိပ်​​နေရာမှ နိုးလာသည်​ ။

ဘေးကို ကြည့်​လိုက်​​တော့ လ​ရောင်​ကမရှိ ။
Ruka ဟာ သူနိုးလာတယ့်​အထိ
လ​ရောင်​က မ​စောင့်​ပဲ ပြန်​သွားတာမို့ စိတ်ထဲ
မကောင်းလှစွာ ငူငူငိုင်​ငိုင်​နဲ့ ထိုင်​​နေမိသည်

Today ( Completed)Tempat cerita menjadi hidup. Temukan sekarang