Part - 6 ( Unicode)

175 11 0
                                    

လရောင်ဟာ Ruka နေမကောင်းတဲ့
နေ့ကစပြီး နေ့တိုင်း ဆေးတွေလာတိုက်လိုက်
မုန့်တွေလာပို့လိုက်နဲ့ ဂရုတစိုက်ရှိလှတာမို့
Ruka က ကြိတ်ပြီးကျေနပ်နေရသည်။

ဒီလိုရက်တွေဟာ Rukaအတွက်
အတိတ်မှာတုန်းက မကြုံဖူးတဲ့
အသစ်အဆန်းတွေ ဖြစ်တာကြောင့်
Ruka မှာ လရောင်ရဲ့ အနီးကပ်
ဂရုစိုက်မှုတွေကို ရင်ခုန်ုပြီးရင်းခုန်နေကာ
စိတ်လှုပ်ရှားလွန်းရပါသည်။

" Ruka ကိုယ်ဝယ်လာတဲ့ ဆန်ပြုတ်လေး
သောက်လိုက်နော် ပြီးရင်ဆေးသောက်ရမယ် "

"ဟင့်အင်း ကျွန်တော် မသောက်ချင်ဖူး "

"ဆေးမသောက်ရင် Ruka ဘယ်လိုလုပ်
နေကောင်းပျောက်မှာလဲ သောက်လိုက်ပါကွာ
Ruka ကလိမ္မာပါတယ်"

"ကျွန်တော် နေကောင်ပျောက်သွားရင်
အကိုက အခုလိုမျိူး ဂရုစိုက်တော့မှာ
မဟုတ်ဖူးလေ "

Ruka က ခေါင်းလေးငုံ့ကာ
မျက်နှာငယ်လေးနဲ့ ပြောလိုက်တာမို့
လရောင်က ရယ်လိုက်ကာ
Ruka ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး

"ကိုယ့်ညီလေးပဲ ကိုယ်က အချိန်တိုင်း
ဂရုစိုက်မှာပေါ့ "

ဟု ရယ်ကာ ပြောလိုက်သည် ။

ညီလေးတဲ့လား အကိုရယ် ကျွန်တော်က
အကို့ ချစ်သူ ဖြစ်ချင်တာပါ

Ruka က အိပ်လိုက်ဦးမယ်ဟုဆိုကာ
လရောင်ကိုကျောပေးလျက် အိပ်နေလိုက်သည်။

လရောင်ကတော့ Ruka နိုးလာမှ
ပြန်မည်ဟုဆိုကာ စာအုပ်တစ်အုပ်ကို
ဖတ်လျက် ထိုင်စောင့်နေတာပင်

တစ်နာရီလောက်အကြာမှာတော့ Ruka
အိပ်နေရာမှ နိုးလာသည် ။

ဘေးကို ကြည့်လိုက်တော့ လရောင်ကမရှိ ။
Ruka ဟာ သူနိုးလာတယ့်အထိ
လရောင်က မစောင့်ပဲ ပြန်သွားတာမို့ စိတ်ထဲ
မကောင်းလှစွာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိသည်

"Ruka ရေ sorry ကွာ မီးပျက်သွားလို့
Airconညမရတော့တာနဲ့ ကိုယ်ပူလို့
ရေချိူးလိုက်မိတယ် "

Ruka က ရေချိူးခန်းထဲက တပတ်ကို
ခေါင်းမှာသုတ်လျက် တစ်ကိုယ်လုံးဘာမှမပါပဲ ဝတ်စလစ်နဲ့ထွက်လာသော လရောင်ကို
ကြောင်ကြည့်လျက် မျက်စိကို လက်ဖြင့်
အုပ်လိုက်ကာ ။

Today ( Completed)Where stories live. Discover now