# Unicode #
"တီးတောင်လ်!....."
တံခါးဘဲလ်တီးသံကြောင့်....ဂျီမင်က ဖွင့်ပေးလိုက်တော့...ဂျောင်ဂုရဲ့ အစ်ကို ဂျွန်ဂျောင်မင် ဖြစ်နေ၏။
"အစ်ကို ဂျောင်မင် ....လာလေ...ကုကု ဆီလာတာလား..."
"ဟုတ်တယ်...ဂျီ...ကုရော..."
"ခဏစောင့်နော်...ဂျီသွားခေါ်ပေးမယ်..."
ဂျီမင်က ဂျောင်မင် ကို ဧည့်ခန်းထဲမှာ စောင့် ခိုင်းလိုက်ပြီး....ဂျောင်ဂုကို သွားခေါ်လိုက်၏။
"အစ်ကိုဂျောင်မင် ရောက်နေတာဘဲ..."
အပြင်က ပြန်လာတဲ့ ဆော့ဂျင်နဲ့ ဟိုဆော့က ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဂျောင်မင် ကိုတွေ့တော့ ဝင်ထိုင်လိုက်၏။
"အစ်ကို ..ကု ဆီလာတာလား...ဂျင်ဂျင်တို့ အတွက် မုန့်ရောပါလား..."
"ပါပါ့ဗျာ...အစ်ကို အားလုံးအတွက်ဝယ်လာတယ်...အစ်ကို မားဆီ ပြန်တာ မနေ့ကမှ ဆိုလ်းပြန်ရောက်တယ်...."
"ဆော့ဆော့တို့ မားတွေရော ဘာမှာလိုက်သေးလဲ..."
"အစ်ကိုညီလေးတွေက လိမ္မာတော့ အန်တီတို့က ကျန်ူမာရေး ဂရုစိုက်ဖို့လွှဲရင် မမှာပါဘူး...အိမ်က ငမွှေထိုး ရှပ်ပြာကိုသာ မားက ရာဇသံတွေပေးလိုက်တာ..."
"ဟား~...ဟား~....ဟား~...."
"ဘာတွေရယ်နေကြတာလဲ.....ကုကုလည်း ပြောပြအုံးလေ...."
ဂျီမင်နဲ့အတူ ရောက်လာတဲ့ ဂျောင်ဂုက ဧည့်ခန်းထဲမှာ ရယ်နေကြတဲ့ သုံးယောက်ကိုမေးလိုက်၏။
"ကုအကြောင်းပြောပြီး ရယ်နေတာ..."
"ဟမ်!..ကုအကြောင်း...ဘာတွေလဲ....ပြောပြ...ပြောပြ...."
"ဒုတ်!"
"အား!.."
ရှပ်ပြာပြာနဲ့ သူ့အစ်ကိုဘေးသွားထိုင်တော့...အလယ်က စားပွဲကို ခလုတ်တိုက်သွား၏။
အားလုံးကတော့ ကုရဲ့ ပုံစံကြည့်ပြီး ခေါင်းတစ်ခါခါ...
"အဲ့လို ရှပ်ပြာပြာနိုင်တဲ့ အကြောင်းပြောနေတာ..."
ဂျောင်ဂုက ထော့နင်းထော့နင်းလျှောက်ကာ သူ့အစ်ကိုဘေးဝင်ထိုင်လိုက်သည်။သေချာပေါက် နှုတ်ခမ်းဆူလျက်ပေါ့....