Part -9

722 60 31
                                    

# Unicode #

"ဂျင်ဂျင်တို့ အတွဲပါလား...ဂျီဂျီဆီလာတာ...ပန်းဝယ်ဖို့လား..."

"ဟင့်အင်...ဂျီ့ကို အလုပ်အပ်မလို့..."

"ဘာအလုပ်လဲ...ဂျီဂျီမှာက ပန်းဆိုင်ရှိသေးတယ်လေ..."

"အခုလည်း ပန်းနဲ့ ပတ်သက်တာဘဲ အပ်မလို့ပါ..နောက်နှစ်ရက်ဆို...ဒါလင့် မွေးနေ့လေ...အဲ့တာ အပြင်အဆင်နဲ့ ပန်းအလှဆင်ဖို့ ဂျီဂျီ့ကို လာပြောတာ..."

"နောက်နှစ်ရက်..ကြိုပြောတာ မဟုတ်ဘူး...ဂျင်ဂျင်ရယ်..အနားနီးမှ..."

"ကူညီပါ ဂျီဂျီရယ်...အစ်ကိုလည်း ကုမ္မဏီ ကိစ္စတွေနဲ့ ရှုပ်နေတာနဲဘ မပြောဖြစ်တာ...ကုကု ကိုတောင် အင်္ကျီချုပ်ပေးဖို့ အပ်ခဲ့သေးတယ်..."

"ဟုတ်တယ် ဂျီဂျီ..မင်းတင်မဟုတ်ဘူး ကုရော ဂျင်ဂျင်ပါ..အနားနီးမှ သိရတာ..ဂျင်ဂျင်တောင် ဝန်ထမ်းတွေကို လစာပိုပေးမယ်ပြောပြီး အမှီစီစဉ်ခိုင်းရတယ်...ကုလည်း မှီအောင် ချုပ်ပေးမယ်ပြောတယ်..."

"ဟုတ်လား အားလုံးက ကူညီကြတာတဲ့ ဂျီဂျီလည်း ကူညီပါ့မယ်..."

"ကျေးဇူးပါ ဂျီဂျီ.. အစ်ကိုကို့မွေးနေ့လက်ဆောင်အနေနဲ လုပ်ပေးတယ်လို့ မှတ်လိုက်မယ်နော်..."

"အချင်းချင်းတွေဘဲ ရတာပေါ့..."

‌"ဒါနဲ့..ဒီပန်းအိုးလေးက...လှ~..."

"ခွမ်းးး"

"ဒါလင်!..အစ်ကို ဂျွန်း!!..."

နမ်ဂျွန်းက...ဂျီမင်ရဲ့ ကောင်တာမှာ တင်ထားတဲ့ အလှပန်းအိုးလေးကို ယူကြည့်ပြီး လှတယ်လို့တောင် မပြောရသေးဘဲ ကျကွဲသွားသဖြင့် ဆိုင်ထဲမှာ ဆော့ဂျင် အသံနဲ့ ဂျီမင်အသံက ပြိုင်တူထွက်သွား၏။

"ဟီး..မတော်တဆပါနော်...မရွယ်ရည်ဘဲ..လက်ချော်ပြီး..ပြုတ်ကျသွားတာ..."

"ဟူး~...ထားပါတော့...နောက်ဆို ဂျီဂျီ့ဆိုင်ကို အစ်ကို ဂျွန်းကို ခေ့်လာမယ်ဆို လက်ကို ကြိုးတုတ်ပြီးမှ ခေါါလာခဲ့ဂျင်ဂျင်...လာတိုင်းပန်းအိုးတစ်အိုးလောက်ကတော့ ကွဲလိုက်ရမှ.."

ဂျီမင်စကားကြောင့်..ဆော့ဂျင်က တဟားဟားရယ်နေသလို နမ်ဂျွန်းက မချိပြုံးလေးသာ ပြုံးပြနေသည်။

 Magic Of Love Where stories live. Discover now