Part -21

740 58 17
                                    

# Unicode #

"မား...ကျန်းမာရေးကို ဂရုစိုက်နော်...."

"စိတ်ချပါရှင်....ဒါနဲ့ ...သားငယ်တို့ အိပ်ရေးဝရဲ့လား...နှစ်ယောက်စလုံး...မျက်ကွင်းတွေ ညိုနေတယ်.."

"မီ...ပြောမှ...သတိထားမိတယ်....သားယောင်းတို့ညက...ကြမ်းထားတဲ့ပုံဘဲ...."

"ဖွီး~....အဟွတ်!.....အဟွတ်!...."

"အဟမ်း!...ရေ.....ရေ......"

"ဟာ!....ကုကု...စင်ကုန်ပြီ....."

"ကိုကြီး....တောင်းပန်ပါတယ်နော်..မတော်...အဟွတ်...မတော်တဆပါ....အဟွတ်!..."

ထယ်ယောင်း အမေရဲ့ စကားကြောင့်...ဂျောင်ဂုက ကော်ဖီတွေ သီးပြီး...အရှေ့မှာ ထိုင်နေတဲ့ ဂျောင်မင့် မျက်နှာကို စင်ကုန်၏။ထယ်ယောင်းလည်း....စားနေတဲ့ စတော်ဘယ်ရီယိုသုတ်ထားတဲ့ ပေါင်မုန့်တောင် နင်လို့..ရေသောက်လိုက်ရသည်။ဂျောင်မင်ကဝောာ့...တစ်သျှူးယူပြီး မျက်နှာကို သုတ်လိုက်၏။

ယောင်းအာကတော့...ဂယက်ထနေတဲ့ မနက်စာစားပွဲကြောင့်...ပြုံးပြုံးကြီးသာ....

"အဟွတ်!....အဟွတ်....ကု ဝပြီ...."

"ဒါဆို...သားငယ်လေး အဝတ်တွေ ထည့်ထားလိုက်တော့နော်..."

"ဗျာ...ဘာဖြစ်လို့လဲ မား..."

"ယောင်းလေးက အလုပ်တွေ ရှိသေးတယ်လေ...အဲ့တော့ သားတို့ ဒီနေ့ပြန်မှ ဖြစ်မှာပေါ့..."

"ဟင်!...မားကလည်း..ချက်ချင်းကြီး.."

"သားငယ်ရယ်...ပြန်လိုက်သွားလိုက်ပါ...သားလည်း..ဟိုမှာ ဆိုင်ဖွင့်ရအုံးမယ်လေ...."

"ဆိုင်က..အစ်မ ဆိုမီတို့ရှိတယ်လေ...."

"ဆိုမီတို့ ရှိပေမဲ့...သားက ဆိုင်ပိုင်ရှင်လေ...သားငယ်ရှိမှ တင့်တယ်တာပေါ့...ပြီးတော့...ယောင်းနဲ့လည်း...အလုပ်လုပ်ဖို့ စာချုပ်ချုပ်ထားတယ်ဆို..."

"ဟုတ်တယ်...မား..."

ဂျောင်ဂု..ခေါင်းလေးငုံပြီး အသံတိုးတိုးလေးသာ ဖြေလိုက်သည်။

"ကုကု...လိုက်သွား...ကိုကြီး မပြန်သေးဘူး...မား အနားမှာ ရှိနေပေးမှာ..."

"ဟုတ်ကဲ့ကိုကြီး..."

ဂျောင်ဂုလည်း...,ဆက်ပြီး မငြင်းချင်တာနဲ့...စားပွဲကနေထပြီး...အခန်းထဲဝင်ကာ အဝတ်တွေ ထုပ်ပိုးနေလိုက်၏။

 Magic Of Love Where stories live. Discover now