# Unicode #
စံအိမ် ကိုရောက်တော့..ကားကိုစက်ရပ်ပြီး ထယ်ယောင်းက အရင် ဆင်းသွားပြီး..ဂျောင်ဂု ထိုင်နေတဲ့ဘက်သွားကာ တံခါး ဖွင့်ပြီး ဂျောင်ဂုရဲ့ လက်ကို ဆွဲပြီး အပေါ်ထပ်တက်ကာ အခန်းထဲခေါ်သွားလိုက်သည်။
"ကင်မ်!....ကင်မ်!...ဘာတွေဖြစ်နေတာလဲ...ကျွန်တော့်လက်နာနေပြီ...ကင်မ်!..."
ဂျောင်ဂု ပြောနေသော်လည်း ထယ်ယောင်းက အခန်းထဲရောက်တဲ့ အထိ လုံးဝစကားမပြောဘဲခေါ်လာ၏။
"ကင်မ်! လွတ်ပေးအုံး နာနေပြီ..."
ထယ်ယောင်းလည်း ဒေါသကြောင့် ဆွဲခေါ်လာမိပေမဲ့ နာနေပြီလို့ ပြောသံကြားတော့ လွတ်ပေးလိုက်မိသည်။
"ကင်မ်...ဘာတွေ စိတ်စိုးနေတာလဲ..ကျွန်ဝောာ်ဘာလုပ်မိလို့လဲ..."
"စားသောက်ဆိုင်မှာ ငါ့ကို လုံးဝ ရှိတယ်မထင်ဘဲ...စကားပြောနေတာ မင်းမဟုတ်တဲ့အတိုင်း...ငါကတော့ မင်းနဲ့ အတူနေ့လည်စာ စားလို့ရအောင်..ကုမ္မဏီ မပြန်ဘဲလာခေါ်တာ...မင်းကျတော့ မင်းအကောင်နဲ့...အတူတူဆိုင်ထိုင်ပြီးစားနေတယ်...ငါသာ မလာကြည့်ပါလား..အဲ့အကောင်နဲ့ မင်း ...သာယာနေမှာ...ငါ ငုတ်တုတ်ရှိတာတောင်..မင်းတို့.မိုးမမြင် လေမမြင်ဖြစ်နေတာလေ..."
သူ့ရဲ့ ပခုံးကို ခပ်ကြမ်းကြမ်းလှုပ်ပြီး ပြောနေတဲ့ကင်မ့်ရဲ့ပုံစံက အတော်ကြီးပေါက်ကွဲနေတဲ့ပုံ...
"ကင်မ်!!!~...ခင်ဗျား စကားတွေ ဘယ်ရောက်နေပြီလည်း ဆိုတာကော သိလား.!.!..ခင်ဗျားက ကျွန်တော် ကိုယ့်ကျင့်တရားရော..သိက္ခာကို ပါ စော်ကားနေတာဘဲ....ယန်းဆူနဲ့ ကျွန်တော်က သူငယ်ချင်းတွေ အဲ့ အဆင့်ထက်မပိုဘူး...သူ့မှာလည်း စေ့စပ်မဲ့ မိန်းကလေးရှိတယ်လို့ ခင်ဗျား သိပြီသားဘဲ.....ခင်ဗျားကို..အရေးမလုပ်ဘူးလို့ ပြောရအောင်..ကျွန်တော်တို့ အိမ်ထောင်သက်သုံးလကျော်မှာ...ခင်ဗျားနဲ့ ကျွန်တော် တစ်နေ့လုံးနေမှ..စကား ဆယ်ကြောင်းပြည့်အောင်ပြောဖူးလား.."
ဂျောင်ဂုပြောတဲ့ စကားကြောင့်ထယ်ယောင်း တွေဝေသွားတာတော့အမှန်ပင်...သူနဲ့ ဂျောင်ဂု မနက် အိပ်ရာထသူ့ကို လာနိုးတဲ့ အချိန်နဲ့ မနက်စာစားချိန်လောက်သာ တွေ့ရတာ ကျန်တဲ့ အချိန်တွေက သူက အလုပ်ရှုပ်နေတာနဲ့ မတွေ့ဖြစ်...