Part -13

716 56 36
                                    

# Unicode #

"ဒါဆို...ကုကု က အစ်ကို ယောင်းနဲ့ အလုပ်တွဲလုပ်ဖြစ်တယ်ပေါ့..."

"ဟုတ်တယ်...ဂျင်ဂျင်..."

"ဝါးးးး မင်းက ကံကောင်းတာဘဲ...အစ်ကိုယောင်းလို လူမျိုးနဲ့ အလုပ်လုပ်ချင်နေတဲ့ သူတွေ တပုံကြီးဘဲ..."

"မဟုတ်ပါဘူးနော်...ငါလို ထက်မြက်ပြီး တော်တဲ့ ခပ်ချောချော ဒီဇိုင်နာလေးနဲ့ အလုပ် လုပ်ရလို့...သူက ကံကောင်းတာ..."

ဟိုဆော့ရဲ့ စကားကို မဟုတ်ကြောင်း နှုတ်ခမ်းလေး တထော်ထော်နဲ့ ပြန်ချေပလိုက်တဲ့ ဂျောင်ဂုက..ချစ်စရာ အတိ...

"ဟား...ဟားး...ဟုတ်ပါပြီကွာ...ချောပြီး...မစွံတဲ့...,ချောမစွံ ကြီး ကုကုရယ်...."

"ရားးး ပတ်ဂျီမင်...မစွံတာ မဟုတ်ဘူးကွ...အပူ မရှာတာ...ဘဝကို...တစ်ယောက်တည်း အပူပင် ကင်း ကင်း နဲ့ ဖြတ်သန်းနေတာကွ..."

"ဟားး...ဟားးး...ဟုတ်ပါပြီကွာ...ယုံလိုက်ပါ့မယ်...အပူမရှာချင်သူကြီးရယ်..."

ဆော့ဂျင်တို့က ဝိုင်းစတော့...ဂျောင်ဂု မျက်နှာဆူပုတ်လာ၏။

"ဆူပုတ်မနေနဲ့ ဂျောင်ဂု...မင်း ရည်းစား ရှာလို့ မတွေ့သေးဘူးလား...အန်တီ မင်းကို ပေးထားတဲ့ အချိန်က သုံးလဘဲ လိုတော့တယ်နော်..."

‌ဟိုဆော့စကားကြောင့်...ဂျောင်ဂု မျက်နှာမှိုင်သွား၏။သူတို့လည်း...ဂျောင်ဂုကို ဒီအခြေနေက လွတ်အောင်...ထယ်ယောင်းနဲ့ ချစ်သူ‌ဖြစ်စေချင်ပေမဲ့...ကြောင်နဲ့ ကြွက်လို တွေ့တာနဲ့ ရန်ဖြစ်နေတဲ့ သူတို့ကြောင့် ကြားထဲက ဝင်ညှိပေးလို့လည်း မရ...

"ငါ ကြိုက်တဲ့ လူမှ မတွေ့သေးတာ...ပြီးတော့...ငါ အချစ်ဆိုတဲ့ ခံစားချက်ကြီးကို မသိဘူး..."

"မင်း မသိရင်...ငါတို့ပြောပြမယ်...မင်း လူတစ်ယောက်နဲ့ရှိရင်...မင်းရဲ့ နှလုံး ခုန်သံတွေ မြန်နေတယ်လို့ ခံစားမိလား...."

ဆော့ဂျင် စကားကြောင့်...ဂျောင်ဂု သတိရသွားသည့်သူက ထယ်ယောင်း....

*အာ~...မဟုတ်ပါဘူး...ကင်မ်ထယ်ယောင်းနဲ့ တွေ့လို့ နှလုံး ခုန်မြန်တာ..ချစ်လို့ မဟုတ်ဘူး..အဲဒါ ဒေါသထွက်လို့...ဟုတ်တယ်..ဒေါသ ထွက်လို့.. နှလုံး ခုန်မြန်တာနေမှာ...*

 Magic Of Love Where stories live. Discover now