Part -24

745 56 25
                                    

# Unicode #

"ဆော့ဆော့ရာ..လိုက်ခဲ့ပါနော်...ကုတောင်လာမှာ...မင်းတစ်ယောပ်တည်းကျန်ခဲ့ရင်ဘယ်ပျော်စရာ ကောင်းပါ့မလဲ..."

"ဟုတ်တယ် ဂျီတို့နဲ့ လိုက်ခဲ့ပါနော်....တို့သူငယ်ချင်းတွေ အတူတူ မလည်ကျတာကြာပြီလေ..."

ဂျီဟွန်းနဲ့ ပြဿနာဖြစ်ပြီးတည်းက ကျောင်းကိစ္စက လွှဲရင် အပြင်မထွက်တော့ဘဲ ဂျီဟွန်းကို ရှောင်နေတဲ့ ဟိုဆော့ကို သူတို့ အပြင်ရအောင် ခေါ်ရမည်။ ဒါမှ ဂျီဟွန်းနဲ့ ‌တွေ့ပြီး ပြေလည်သွားကြမှာ.....

"ဟင်းးးး ပြီးရောလေ...ခဏနေအုံး..အဝတ်လဲလိုက်အုံးမယ်..."

ဟိုဆော့လည်း...ဂျီဟွန်းပေးတဲ့ ခွေးလေးကို ငေချာ လှောင်အိမ်ထဲထည့်ပြီး အစာခွက်နဲ့ ရေခွက် ထည့်ပေးပြီး...အဝတ်အစား အမြန်လဲ လိုက်သည်။သူငယ်ချင်းတွေက အတင်းခေါ်နေတော့လည်း...မလိုက်လို့မကောင်းဘူးလေ။

လူကြီးကို အဆက်သွယ်ဖြတ်ထားတာလဲ တစ်ပတ်လောက်ရှိပြီ....သူဒီတစ်ခါ အတော်စိတ်စိုးသည်။သူကြောက်တဲ့ သတ္တဝါနဲ့မှာ မှားလာရတယ်လို့...နေရာမှာတင် အကြောက်လွန်ပြီ မသေတာ ကံကောင်း....ဒါပေမဲ့ မတွေ့ရတော့လည်း..ရင်ဘတ်ထဲက တင်းကျပ်ကျပ်နဲ့ အောင့်နေသလို အရမ်းလည်း လွှမ်းနေ၏။

"ဆော့ဆော့ ဒီမှာ ခဏစောင့်နေအုံးနော်..ဂျီနဲ့ ဂျင်ဂျင်...မုန့်သွားဝယ်လိုက်အုံးမယ်..."

ရုပ်ရှင်ရုံ ရှေ့က ပန်းခြံက ခုံတန်းလေးမှာ ထိုင်စောင့် ခိုင်းပြီး မုန့်ဝယ်သွားမယ်ဆိုပြီး..ထွက်သွားတဲ့ နှစ်ယောက်....သူလည်း ကိုယ့် အပူနဲ့ ကိုယ် ဆိုတော့..မပြောဘဲ သွားခိုင်းလိုက်သည်။

နှစ်ရက်ရှိပြီ...သူ့ကိုလာမရှာတာ...ခါတိုင်းဆို...ကျောင်းရော အိမ်ပါ တဖွဖွလာပြီး တွေ့ခွင့်တောင်းတဲ့သူက..အခု နှစ်‌ရက်တောင်ရှိပြီ မလာတာ...တကယ်ဘဲ..လက်လျှော့သွားတာလား...သူက စိတ်ဆိုးတုန်း မို့ ပြဝာ်ပြီ လို့ပြောလိုက်တာလေ...တကယ် အတည်ကြီး ပြတ်ပေးလိုက်တာလား...

ဟိုဆော့ အတွေးနဲ့ အတူ မျက်ရည်တို့က ရစ်သိုင်းလာသည်။

"ကလေးး"

 Magic Of Love Where stories live. Discover now