Part -7

771 63 24
                                    

# Unicode #

"ထ..ဆေးရုံသွားမယ်..."

ထယ်ယောင်းက ဂျောင်ဂုရဲ့အပူမလောင်တဲ့လက်ကို ဆုပ်ကိုင်ပြီးပြောတော့...ဂျောင်ဂုက ကြောက်လန့်တကြားငြင်းလာ၏။

"မ..မသွားဖူး!...မသွားဖူးဆိုမသွားဖူးနော်~....ဆေးလိမ်းလိုက်ရင် ပျောက်သွားလိမ့်မယ်...လုံးဝဘဲ..မသွားဖူး!..."

"မရဘူး!...သွားရမယ်!..အတွန့်တက်မနေနဲ့..လာ~...သွားမယ်!..."

"မသွားဖူး !!.."

"ဂျွန်ဂျောင်ဂု!!...ငါက သွားမယ်ဆို အတွန့်မတက်နဲ့လာ...ခုချက်ချင်းသွားမယ်!!!"

"မသွားဖူး...အာ့!...ကင်မ်...ကင်မ်ထယ်ယောင်း!!....မသွားဖူးလို့ပြောနေတယ်လေ...အောက်ပြန်ချပေး!!.."

ဇွတ်ငြင်းနေတဲ့ ဂျောင်ဂုကို ထယ်ယောင်းက ပွေ့ချီလိုက်တော့...ရုန်းကန်ရင်း...အောက်ချပေးဖို့ပြောနေသည်။

ထယ်ယောင်းက ဂျောင်ဂုကို အတင်းပွေ့ချီသွားတာကြောင့်...ယွန်ဂီတို့မှာနောက်က အတင်းလိုက်ရသည်။

"အာ~...ဟန်နီ...ထလေ...လိုက်သွားရအောင်..."

အကုန်လုံးထသွားတာတောင်...ထမင်းလိပ်ကို ပါးစပ်ထဲအဆက်မပြတ်ထည့်နေတဲ့ ..ဆော့ဂျင်ကို နမ်ဂျွန်းက ခေါ်လိုက်ရ၏။

"အွန်း~...အွန်း~....ထန...ဒါရေး ချားရိုက်ရုံးရယ်..."

ပါးစပ်ထဲပြည့်ပြီး စကားမပီတော့‌တာတောင်...ထပ်ထည့်နေတဲ့ ဆော့ဂျင်...

"လာပါ...ဟန်နီရယ်..."

"ဟင့်...နာ့..တနင်းရိပ် ရေး..."

နမ်ဂျွန်းက ဆွဲခေါ်တော့ ထမင်းလိပ်ကို သံယောဇဉ်မပြတ်တဲ့ ဆော့ဂျင်တ လှည့်ကြည့်လှည့်ကြည့်နဲ့ ပါလာသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အပူလောင်တာက သိပ်မများပါဘူး...ဆေးပုံမှန်လိမ်းပေးရင် ပျောက်ပါတယ်..."

"ဒေါက်တာကသာ မများဘူးပြောတာ...လက်ဖမိုးတစ်ခုလုံးနီရဲနေတာမမြင်ဘူးလား...."

ဒေါက်တာကရတယ်ပြောတာတောင် အတွန့်တတ်နေတဲ့ထယ်ယောင်း....

"ဒီမှာ...ဒေါက်တာက အဆင်ပြေတယ်ပြောနေတယ်လေ...ခင်ဗျားက ဘာဖြစ်နေတာလဲ..."

 Magic Of Love Where stories live. Discover now