Part -26

700 55 14
                                    


# Unicode #

"ဟုတ်ပြီ...ဟုတ်ပြီ.....အဲ့နားလေး....ဖြေးဖြေးချ...."

"ဘယ်ဘက်ကို နည်းနည်း တိုးလိုက်...အွန်း...ခဏ ..ကျွန်တော်ကြည့်လိုက်အုံးမယ်..."

ဆော့ဂျင်က ဂျောင်ဂု အခန်းထဲက ကိုယ်လုံးပေါ် မှန်မျိုးဝယ်ပြီး...သူ့အခန်းထဲမှာနေရာချနေတာ....အဲ့လို ဝယ်မှ မဟုတ်ရင် ဟိုကောင်တွေနဲ့ လုပြီး မှန်ကြည့်နေရတာ..သူကဖြစ်နိုင်ရင် အချိန်ပြည့် မှန်ကြည့်ချင်တာ ဒါမှ..သူ့ရဲ့ ချောမောမှုတွေကို သူမြင်နိုင်မှာလေ...

"ခဏလေး...ဒီနေရာက မကောင်းဘူး..မှောင်နေတော့ ကောင်းကောင်းမမြင်ရဘူး...အာ!...ဟိုနေရာလေးဆိုကောင်းမယ်...ဖြေးဖြေးလေးမခဲ့နော်..."

မှန်ဆိုင်က ဝန်ထမ်းတွေကို..အကူညီတောင်းပြီး ရွှေ့ခိုင်းနေတာ တစ်နာရီလောက်ရှိပြီ...ခဏခဏ ရွှေ့နေရလွန်းလို့ လက်အံတွေတောင်သေနေပြီ...

"အင်း...အဲ့နားလေး...ဟုတ်တယ်..ရပြီ....."

ဆော့ဂျင် အလင်းရောင်ရတဲ့ နေရာမှာ မှန်ချခိုင်းပြီး...မှန်ကြည့်ကာ fly kiss ပစ်ကြည့်လိုက်သည်။အဲ့လယ်!...ကင်မ်ဆော့ဂျင်တို့က ဘယ်လိုနေနေချောနေရောဘဲ....ဆောက်ချောကြီး ဖြစ်ရတာလဲ တစ်မျိုးကောင်းသား ...

မှန်ရှေ့မှာပို့စ်တစ်မျိုးပြီးတစ်မျိုး ထုတ်ပြီး...ဟန်ရေးပြနေတဲ့.. WWHS...ဝန်ထမ်းတွေကသူ့ကိုကြည့်ပြီးသက်ပြင်းတချချ...သူက ပိုင်ရှင်နဲ့ ရင်းနှီးလို့သာ.အခုလို အကြာကြီးစောင့်ပြီးလုပ်ပေးနေရတာ..တခြားသူဆို..မှန်ထားချင်တဲ့နေရာကို ဆယ့်ငါးမိနစ်နဲ့ထားပြီးပြီ..အခုတော့ ဆော့ဂျင်က တစ်နေရာပြောင်း တစ်ခါမှန်ကြည့် ..မကြိုက်နောက်တစ်နေရာပြောင်း မှန်ကြည့်...ချောတာ..မှုံနေအောင်ချောပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့်...ကြည့်ချင်ပါသော်လည်း အလုပ်က ရှိသေးတော့ခက်တယ်.....

"ဟို...အစ်ကို..ကျွန်တော်တို့ ပြန်လို့ရပြီလား...ဆိုင်ကထွက်လာတာကြာပြီမို့..."

"ဪ...ဟုတ်သားဘဲ...ပြန်လို့ရပါပြီနော်....ခင်ဗျားတို့ရှိမှန်းမေ့သွားလို့..."

ဝန်ထမ်းတွေခမျာ..ကိုယ့်နဖူးကိုယ်ဖြတ်ရိုက်ချင်တော့တယ်...သူတို့ကတော့..မှန်ကြည့်လို့ပြီးနိုး ပြီးနိုးနဲ့ စောင့်နေတာ သူက မေ့ပါနေတယ်တဲ့ ကောင်းရော....

 Magic Of Love Where stories live. Discover now