part 4

2.9K 225 0
                                    

သူတို့ရွာပြန်ရောက်ဖို့တောထဲကနေနှစ်နာရီခွဲလောက်လမ်းလျှောက်ရမည်
နာရီဝက်လောက်လျှောက်ပြီးတဲ့အခါမှာတော့မိုးကရုတ်တရက်ရွာချလာတယ်

"မိုးကကြီးမယ်ထင်တယ် ကျုပ်တို့မိုးခိုဖို့နေရာရှာသင့်တယ်"
ထို့နောက်မိုးခိုဖို့သူတို့အနည်းငယ်ကျယ်ဝန်းတဲ့ကျောက်ဂူကြီးကိုသွားတွေ့သည်
အထဲဝင်လိုက်တော့သစ်ကိုင်းခြောက်အနည်းငယ်ပုံထားပြီးမီးစာကုန်နေသောပြာပုံကိုတွေ့ရတယ်
ကြည့်ရတာဒီဂူကအမဲလိုက်တဲ့မုဆိုးတွေတည်းခိုနေကြဂူဖြစ်နိုင်သည်

မိုးကလည်းအလွန်သည်းထန်စွာရွာနေပြီးအေးစိမ့်စိမ့်အငွေ့တွေထုတ်လွှတ်​နေသည်
"ကျုပ်မီးမွှေးလိုက်မယ် အေးနေတယ်မဟုတ်လား "

မှောင်ရိပ်ဝင်နေတဲ့ဂူထဲစောမွှေးလိုက်သောမီးကြောင့်အလင်းရောင်နှင့်အနွေးဓါတ်ကိုရသည်
အစောကသူအလုပ်သူလုပ်ပြီးတာနှင့်တိတ်ဆိတ်သွားတာကြောင့်...

"အစော.."

"အင်း.."

"သီချင်းနားထောင်ချင်လား.."

စောမျက်ခုံးတွေပင့်သွားသည်
တောထဲမှာသီချင်းအတွက်ဘာအရာဝတ္ထုမှရှိမနေဘူး
ဧကန်နဒီကောင်လေးကိုယ်တိုင်သီချင်းဆိုပြမလို့လား

"ဟင် နားထောင်ချင်လားလို့အစောရဲ့..."

"အင်း..."

သိပ်မကြာခင်ဘဲဂူထဲမှာခင်မောင်တိုး၏ဝတ်မှုန်သီချင်းအား
စီးချက်ကျကျသီဆိုသံထွက်ပေါ်လာသည်

"တေးသွားချိုသီကာကျူးတဲ့ ကျေးငှက်ကိုလှမ်းလို့ကြည့်ကာ
ပန်းကလေးကပြောလိုက်တယ်လောကရဲ့အလှအပဟာ
တို့ပွင့်မှပြည့်စုံတာတဲ့ ......
ပန်းချစ်သူပျားကပြုံးတယ်
တောက်ပတဲ့အဆင်းလဲရှိတယ် လိုက်ဖက်တဲ့မွှေးရနံ့ဆို
ဝတ်မှုံရယ် နင်နဲ့နှိုင်းရင်ရှုံးကြမှာဘဲ
ရင်ထဲရှိ ရှိသမျှပြောပြရရင်တစ်ကယ်လှတယ်
မင်သူတကာငေးငေးလောက်အောင်လှရက်သူ
ချူလိုသူတွေလက်ထဲမှာ.............ပန်းကလေးလိုလှတဲ့ချစ်သူရယ်"

စက်သီချင်းတစ်ပုဒ်လုံးကိုဝင်းပပလှလွန်းသည့်အစောမျက်နှာအားစိုက်ကြည့်ကာသီဆိုခဲ့သည်
အစောကတော့သူ့မျက်နှာအားကြည့်မနေခဲ့ပါ

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now