zg7

194 17 0
                                    

သူတို့အိမ်ကထွက်လာပြီးနောက်သူငယ်ချင်းဖြစ်သူဆီသွားဖို့ဆုံးဖြတ်ကာသူဖုန်းဆက်လိုက်သည်
ထို့နောက်ရန်ကုန်_မော်လမြိုင်ကားကိုစီးတယ်
မော်လမြိုင်ကနေမှတစ်ဆင့်ကိုကံပိုင်တို့ဆီကားနဲ့သွားရမှာ
ကိုကံပိုင်ကသူ့နဲ့တက္ကသိုလ်တက်တုံးကညီအကိုလိုခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သည်

"ဗျို့ကိုကြီးကံပိုင်..."

"ဟေဘာတုံးဟ"
ကံပိုင်အိမ်အပေါ်ထပ်ကဆင်းလားရင်းပြောလိုက်သည်

"ဒီမှာဧည့်သည်ရောက်လို့ဗျ သူတို့ကကိုကြီးစံပိုင်အိမ်လိုက်ရှာနေလို့လာပို့ပေးတာ"

"အေးအေး ကျေးဇူးဘဲစံအေးရာ"

"ရပါတယ် ကိုကြီးကံပိုင်ရာကျွန်တော်ခြံထဲသွားဖို့ပြန်တော့မယ်"

"အေးအေး"

စံအေးထွက်သွားပြီးမှ
"စက်ရေ ထိုင်ဟ ခရီးပန်းလာတာဆိုတော့ရေနွေးကြမ်းလေးဘာလေးသောက်ဦး"

စက်တို့နှစ်ဦးလည်းသစ်သားခုံရှည်မှာဝင်ထိုင်လိုက်ကြရင်း
"ကျန်းမာရေးကောင်းရဲ့လားကိုကံပိုင်"

"ငါကကောင်းပါတယ်ကွာ မင်းကရောဘယ်လိုဖြစ်လို့ယောက်ကျားခိုးလာရတာလဲ"

ကိုကံပိုင်စကားကြောင့်စက်ပြုံးရုံသာပြုံးနေသည်

"မှန်းစမ်း ဘယ်လောင်တောင်ချောပေ့လှပေ့မို့ငါ့ကောင်ကြီးကိုချစ်မိသွားစေရတာလဲ"
ထိုစကားပြောပြီးကံပိုင်ကစောကိုသေချာကြည့်တယ်

"မင်းက စော..စောမလား"

စောကခေါင်းငြိမ့်လိုက်ရင်း
"မတွေ့တာကြာပြီနော်ကိုကံပိုင်"

"ဟားဟားဟား ငါ့ကောင်ကြီးဘယ်သူ့ချစ်မိသွားတာလဲလို့စောဖြစ်နေတာကို"

"အစောနဲ့ကအရင်ထဲကသိနေကြတာလား"

"ဟုတ်တယ်လေကွာငါကအောက်ပြည်အောက်ရွာကထွက်တဲ့ငါးပိငခြောက်တွေကိုအထက်ပိုင်းကရွာတွေမှာသွားရောင်းအထက်ကထွက်တဲ့ကုန်တွေကိုပြန်ဝယ်လာဒီမှာပြန်ရောင်းလုပ်တာလေ ငါသွားခဲ့တဲ့ရွာတွေထဲမှာစောတို့ရွာလည်းပါတာပေါ့"

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Där berättelser lever. Upptäck nu