part 20

2.5K 154 0
                                    

အရေးပေါ်အခန်းရှေ့တွင်
"သားစော အရမ်းစိတ်ပူမနေပါနဲ့ ဆရာကသိပ်မစိုးရိမ်ရဘူးပြောတယ်"

ဒေါ်တင်မမတုန်လှုပ်ခြောက်ခြားနေတဲ့သားမက်ဖြစ်သူကိုနှစ်သိမ့်ပေးတယ်
သူမသည်လည်းသားဖြစ်သူကိုအရမ်းစိတ်ပူနေမိတာအမှန်ပင်

"မှိုင်း...မှိုင်းဒီလိုဖြစ်ရတာ ကျွန်တော့်ကြောင့်ပါ"

"သားစောကိုယ့်ကိုယ်ကိုအပြစ်တင်နေတာ သားလေးသိရင်စိတ်ကောင်းမှာမဟုတ်ဘူး ပေါက်ကရတွေလျှောက်မတွေးပါနဲ့"

"ဟုတ်ကဲ့ပါ"

သိပ်မကြာခင် ဆရာဝန်တွေအရေးပေါ်ခန်းထဲကထွက်လာကြသည်
"လူနာကစိတ်ချရတဲ့အခြေအနေရှိပြီ ခနနေအခန်းပြောင်းပေးပါ့မယ်"

"ကျေးဇူးပါဆရာရယ်"

ဆရာဝန်ကသူတို့ကိုခေါင်းငြိမ့်ပြပြီးထွက်သွားသည်
ထို့နောက် သူနာပြုမလေးတွေကလူနာကုတင်တွန်းလှည်းနှင့်စက်ကိုအခန်းရွှေ့ပေးကြသည်

စောကုတင်ပေါ်မှာမေ့မြောနေတဲ့စက်လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး
"အမြန်ဆုံးသတိရလာပေးနော် မင်းသတိရလာရင်ကျုပ်လည်းမင်းကိုချစ်တဲ့အကြောင်းတွေပြောပြပါ့မယ်"

"သားစက်...."

"ဟုတ်ပြောပါအန်တီ"

"အန်တီအိမ်ခနပြန်ရမယ်မပြီးပြတ်သေးတာတွေရှင်းဖို့ ဦးစက်ရောင်နဲ့စိတ်မချဘူး"

သူမယောက်ျားကသူငယ်ချင်းသံယောဇဥ်ကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ ဟိုကောင်မလေးကိုပြန်လွှတ်မှာမလိုလားဘူး
သားလေးကိုထိခိုက်စေတဲ့အတွက်သေချာပေါက်ထောင်ချပစ်မည်

"ဟုတ်သွားပါအန်တီကျွန်တော်စက်ကိုစောင့်နေပေးပါ့မယ်"

"အေးကွယ် သားသတိရရင်အန်တီကိုဖုန်းဆက်ဦးနော်"

"ဟုတ်ကဲ့..."
မှာစရာရှိတာမှာပြီးတာနဲ့ဒေါ်တင်မမပြန်သွားသည်
စောကတော့စက်လက်အားဆုပ်ကိုင်ကာအဖော်ပြုပေးနေတော့သည်

______________________________

"ဦးစက်ရောင် ဟိုကလေးမရော"

ဦးစက်ရောင်မျက်နှာမသာမယာနှင့်
"ထွက်ပြေးသွားပြီ..."

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now