part 12

2.6K 188 12
                                    

"အစော...."
အိမ်ပေါ်တောင်မရောက်သေးဘူး
ရုပ်မမြင်သံကြားကနေသူ့နာမည်ထွက်လာပြီ
စောလည်းအိမ်တိုက်နေတဲ့အဝတ်ချပြီး

"ပြန်လာတာစောလှချည်လား"

"ဟုတ်တယ်မိုးအုံ့နေလို့ကိုကံပိုင်ကပြန်လွှတ်လိုက်တာ အောက်ပြည်အောက်ရွာကမိုးရွာရင်သည်းသည်းမည်းမည်းရွာတာတဲ့လေ"

"ဟုတ်ပါလိမ့်မယ်ကျုပ်တို့အညာကတော့မိုးကဖွဲရုံလေးဘဲရွာတာ "

အစောပြောရင်းဖြင့်သောက်ရေအိုးထဲကရေတစ်ခွက်ခပ်လိုက်တာစက်ကိုပေးလိုက်သည်
"မောနေရောပေါ့ရေလေးသောက်လိုက်"

စက်လက်ထဲကကတ်ထူပုံးကိုချပြီးရေသောက်လိုက်သည်

"ပုံးထဲကဘာတွေလဲမှိုင်း"

"ဖွင့်ကြည့်ကြည့်လေအစောရဲ့"

စောလည်းဖွဖွလေးအုပ်ထားတဲ့ပုံးကိုဖွင့်ကြည့်လိုက်တယ်
"ဟင်ကြောင်လေးတွေ...."

ဟုတ်သည် ကတ်ထူပုံးထဲမှာရှိနေတာ အနက်ရောင်ကြောင်မေကြီးတစ်ကောင်နှင့်ကြောင်ပေါက်လေးသုံးကောင်ဖြစ်နေသည်
ကောင်ပေါက်လေးတွေကအဝါရောင်နှစ်ကောင်နှင့်အဖြူအနက်ကျားထားတာလေးတစ်ကောင်

"ကြောင်လေးတွေဘယ်ကရလာလဲမှိုင်း"

"ခြံထဲကခေါ်လာတာအစော ကိုကံပိုင်ပြောတာတော့ကြောင်မကြီးကိုယ်ဝန်နဲ့အချိန်မှာကြောင်နက်တွေကနိမိတ်မကောင်းဘူးဆိုပြီးလာစွန့်သွားတာတဲ့ ကိုကံပိုင်လည်းသနားတာနဲ့ခြံထဲကတဲလေးထဲခေါ်ထားတာအခုကြောင်မကြီးသားပေါက်နေပြီ မိုးတွင်းလည်းရောက်ပြီဆိုတော့ သူတို့လေးတွေတဲထဲမှာနေလို့မဖြစ်တော့ဘူးလေ အဲ့တာအစောများလိုချင်မလားလို့ခေါ်လာတာ"

စောပြုံရင်းနဲ့ခေါင်းငြိမ့်လိုက်တယ်
"ဒုက္ခရောက်နေတာကိုကယ်ကောင်းပါတယ် ပြီးတော့ကြည့်ပါဦးချစ်ဖို့ကောင်းလိုက်တာဝကစ်နေတာဘဲ"

စောပုံထဲလက်နှိုက်ပြီးကြောင်မေကြီးခေါင်းကိုပုတ်ပေးတော့လည်ပင်းလေးဆန့်ထုတ်ပေးသည်
နူးညံနေတဲ့အမွှေးကြောင့်ပွတ်ကောင်းကောင်းနဲ့စောဆက်ပွတ်ပေးလိုက်သည်

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Onde histórias criam vida. Descubra agora