part 15

2.5K 162 2
                                    

"အမေ..."

"သား..."
အိမ်ထဲဝင်လာတဲ့သားနဲ့သားမက်ကိုတွေ့တာနဲ့ဒေါ်တင်မမအတော်လေးစိတ်ချမ်းသာသွားတယ်

"မိုးရေ နင့်အဘနဲ့အကိုလေးတို့သံပုရာရည်ယူခဲ့"

"ဟုတ်ကဲ့ရှင့်"

ထို့နောက်သားဖြစ်သူကသူမရေှေ့တည့်တည့်မှာဝင်ထိုင်ပေမဲ့ဟိုကောင်လေးကမထိုင်ဘဲမတ်တတ်ရပ်နေတာကြောင့်
"သားရောထိုင်လေကွဲ့"

"ဟုတ်ကဲ့"
စောလည်းခပ်ရို့ရို့လေးဝင်ထိုင်လိုက်သည်

ဒေါ်တင်မမသည်သားတွေရဲ့ဆန္ဒကိုအမြဲအလေးထားသည် လေးစားသည်
သူမသားတွေဘာလုပ်လုပ်မှန်တယ်လို့သာအမြဲတွေးထားသည်
ဒါကြောင့်သူမသားချစ်တဲ့ကောင်လေးအပေါ်ဆိုးရွားသောအမြင်ရှိမနေပါ

"အစော ဒါကျွန်တော်မေမေဒေါ်တင်မမလေဒါကအဖဦးစက်ရောင် ပထမတစ်ခါကလောလောနှင့်မို့သေချာမမိတ်ဆက်ပေးလိုက်ရဘူး"

စောလက်အုပ်ကလေးချီကာ
"တွေ့ရတာဝမ်းသာပါတယ် ဦးလေးနဲ့ဒေါ်လေး"

ဒေါ်တင်မမကအပြုံးလေးနှင့်
"အဒေါ်လည်းတွေ့ရတာဝမ်းသာပါတယ်ကွယ်"

ဦးစက်ရောင်ကတော့အခြေအနေအားလုံးကိုဘေးကသာထိုင်ကြည့်နေသည်
ဘာမှတော့ဝင်မပြော

"ဒါနဲ့သားတို့ မင်္ဂလာပွဲရောဘယ်လိုလုပ်မယ်စဥ်းစားထားလဲ"

မိခင်ပြောမှစက်လည်းစောနှင့်တရားဝင်လက်မထပ်ရသေးတဲ့အပေါ်အားနာသွားသည်
"အမေ ကျွန်တော်ကတော့အစောသဘောအတိုင်းလုပ်ချင်တယ်"

ဒေါ်တင်မမခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး
"သားကရောဘယ်လိုလုပ်ချင်လဲ"

သူ့ဘက်လှည့်လာတဲ့မေးခွန်းကိုစောက
"ကျွန်တော်ရိုးရိုးရှင်းရှင်းဘဲလုပ်ချင်ပါတယ်"

"ဘာလို့လဲသားရဲ့တစ်သက်မှာတစ်မင်္ဂလာဘဲဆောင်ရတာခမ်းနားသင့်တာပေါ့"

"ခမ်းနားတဲ့ မင်္ဂလာပွဲဆိုတာအကုန်အကျများတယ်အဲ့ကုန်ကျမဲ့ ငွေတွေကို မိဘမဲ့ဂေဟာတို့လို ခွေးလေးတွေကြောင်းလေးတွေအတွက်ဖွင့်ထားတဲ့ဂေဟာတို့လိုလိုအပ်တဲ့နေရာ​ေလေးတွေမှာလျူးဒါန်းတာပိုမကောင်းဘူးလား"

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now