part 18

2.3K 151 0
                                    

စက်တို့နေရာစုံလျှောက်လည်ခဲ့ကြသည်
စောအတွက်လိုအပ်တဲ့အဝတ်အစားနဲ့ပစ္စည်းတွေလည်းဝယ်ခဲ့ကြသေးသည်
မနက်ဆယ်နာရီကတည်းကထွက်လည်တာညနေသုံးနာရီမှအိမ်ပြန်ရောက်သည်အထိကိုပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့ကြတာ

"မိအေးရေ သံပုရာရည်နှစ်ခွက်ဖျော်ခဲ့ဟေ့"
စက်ဧည့်ခန်းဆိုဖာပေါ်မှာလျော့တိလျော့ရဲထိုင်ရင်းလှမ်းပြောလိုက်သည်

"မှိုင်း မင်းငါ့ကိုဘာလို့ဒါကြီးဝယ်ပေးတာလဲငါမသုံးတတ်ဘူး"
စောသူ့ကိုဝယ်ပေးသောပစ္စည်းများထဲမှ ဖုန်းဟူသောအရာဝတ္ထုကိုထုပ်လာရင်းပြောလိုက်သည်
သူအနေနှင့် ဒီပစ္စည်းဟာဘာအတွက်အသုံးဝင်သလဲသိသည်
နွယ်ပြောပြဖူးတယ်လေ ဒါပေမဲ့ဘယ်လိုသုံးရမလဲတော့တကယ်မသိပါ

"ဒါကဒီလိုသုံးရတယ်အစောရဲ့.... "
စက်က ဘယ်လိုတွေသုံးရမယ်ဆိုတာကိုသေချာသင်ပြပေးသည်

ထိုမြင်ကွင်းကိုသံပုရာရည်နှစ်ခွက်ယူလာတဲ့ဆုထွေးကမြင်တော့မဲ့ပြုံး ပြုံးသည်
ဒီသံပုရာရည်ကိုသောက်ပြီးတာနဲ့အကိုကသူမကိုသာတန်းတန်းစွဲဖြစ်တော့မှာ
သူမအပြုံးလေးနှင့်လျှောက်သွားလိုက်ပြီး
"သံပုရာရည်ရပြီနော်"

"အင်း"

"မြှောင်!!"
ခွမ်း!
စက်လည်းခေါင်းသိပ်မကြည်နေတာမို့ဘာမှမပြောတော့ဘဲသံပုရာရည်ကိုမော့သောက်တော့မဲ့အချိန်ရုတ်တရက်ဆိုသလိုမဲလုံးလေးကပြေးလာပြီးကိုယ်လုံးကြီးနှင့်ပြေးတိုက်လိုက်တာမို့စက်ယောင်ယမ်းကာခွက်ကိုလွှတ်ချလိုက်မိသည်
သံပုရာရေတွေလည်းမှောက်ကာခွက်ပါကွဲသည်

ဆုထွေးအလွန်ကိုဒေါသထွက်သွားသည်
ဒီခွက်ထဲမှာပါတဲ့ဆေးကို ရွာကအောက်လမ်းဆရာဆီကနေလူမသိသူမသိခက်ခက်ခဲခဲတောင်းခဲ့ရတာ
ဒါကိုဒီတိရိစ္ဆာန်ကြောင့်အလကားဖြစ်သွားပြီ
သူမကြောင်နက်ကြီးကိုဂုတ်ကဆွဲ၍အဝေးကိုခပ်ကြမ်းကြမ်းလွှတ်ပစ်လိုက်သည်

ဘုတ်!

"မြှောင်!!"

နံရံနဲ့တိုက်မိသွားတာကြောင့်မဲ့လုံးဆီမှနာနာကျင်ကျင်ညည်းညူသံထွက်လာသည်

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Where stories live. Discover now