Ep - 1

11.1K 41 0
                                    

ဒီနေ့ကသူမရဲ့ G-11 ကျောင်းစတက်မယ့်နေ့အစလေးပါ ပထမရက်မို့သူမပျော်"ရွှင်ရွှင်ဖြတ်သန်းချင်သည် မနက်မိုးလင်းတည်းကသူမမေနဲ့ကျောင်းတက်ဖို့ကိစ္စပြောပြီးပျော်နေတာဖြစ်သည် သူမသူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာလည်းပါသည် ကျောင်းပိတ်ရက်အတောအတွင်းသူမကျုရှင်တွေပဲတက်နေတော့သူငယ်ချင်းတွေနဲ့မဆုံဖြစ်ဘူးပဲ ပြောရင်းဆိုရင်း ဖြူလွှာ့ကိုဖုန်းဆက်ရဦးမယ် သူမအခန်းထဲသို့အပြေးသွားလိုက်သည် ဖုန်းကိုကောက်ကိုင်ပြီးသူမရဲ့ချစ်ရပါသောသူငယ်ချင်းလေး ဖြူလွှာခင် ကိုဖုန်းဆက်လိုက်သည် ခနနေတော့ဖုန်းဝင်သွားကာ "အလွှာမ ဘယ်ချိန်သွားမှာ နင်ထွက်နဲ့ချိန်ငါထွက်လိုက်မယ်" "ငါကခနနေသွားမှာ ခုကမနက်စာစားနေတာ ဟီးဟီး" "ဟယ် ခုထိမစားရသေးဘူးလား ကြာလိုက်တာ" "သုံးမိနစ်ပဲစောင့်ပြီးရင်ထွက်လာခဲ့လိုက် ကျောင်းမှာတွေ့မယ်" "အိုခီ စားသာစားနေသိလား ဒါပဲ" "အွန်းအွန်း ဒါပဲ" သူမသူငယ်ချင်းနဲ့ဆက်ပြီးတော့သူမ​ ဖေ့ဆီလာခဲ့သည် ဦးလင်းမြိုင်ကနံနက်စာစားနေသည် "ဖေ ခြယ်ခနနေသွားမယ်နော် လွှာကလဲခနနေအိမ်ကထ်ကမယ်တဲ့ နော်နော်" "မစောလွမ်းဘူးလား ကျောင်းကိုစောစောဘာသွားလုပ်မှာလဲ" "ဖေကလဲ သူငယ်ချင်းတွေနဲ့ခုမှပြန်တွေ့ရမှာကို" "အဲ့အကြောင်းတခုတည်းကြောင့်နဲ့တော့သွားမနေနဲ့ ဖေပြန်လာမှသွား" "ဖေကဘယ်လဲ သမီးကျောင်းသွားပါမယ်ဆို ငိုမှာနော်" ထိုအချိန်ဒေါ်မေယွန်းမြတ်ဝင်လာကာ "ကဲပါ ဖေကြီးရယ် လိုက်ပို့လိုက်စမ်းပါ နေရာတွေလဲဦးရဦးမယ်လေ ဖေကြီးကဘယ်ချိန်သွားသွားရတာကို" "မေကြီးကလဲနော် ဟုတ်ပီ သွားမယ် လာ လိုက်ပို့ပေးမယ်" "ရေးးး ဒါကြောင့်ဖေ့ကိုချစ်နေရတာ" "အော် ကူပြောပေးတဲ့မေကြီးကိုကျမချစ်နဲ့နော်" "ဟုတ်ပါဘူး မေ့ကိုကျအများကြီးချစ်တာ" "ငတတ်မလေး သွားတော့ ဖေကြီးကားကိုဂရုစိုက်မောင်းနော်" "အေးပါကွာ သွားပြီ" တစ်ဦးတည်းသောသမီးလေးရွှေမှုန်းခြယ်ကိုစိတ်မချ၍သူကိုယ်တိုင်ကားနဲ့အကြိုအပို့လုပ်သည်

>>> time skip <<<

သူမလေးကျောင်းကိုရောက်တော့အခန်းထဲကိုသေချာဖြောင့်ဖြောင့်တန်းတန်းပင်မပြေးရုံတမယ်ဝင်သွားလိုက်တော့သည် သူမအချစ်ဆုံးသူငယ်ချင်း ဝတ်ရည်မေတွေ့တော့ပျော်တာပေါ့ "လာ ခြယ်နင့်တွက်ငါနေရာဦးပေးထားတယ်" "ဟင် နောက်ဆုံးတန်းကြီးကို ဒီတသက်ရှေ့တန်းမထိုင်ရတော့ဘူး ဗြဲ" သူမငိုပုံပြလိုက်ကာ ဝတ်ရည်ကို ပြောလိုက်သည် "နင့်အရပ်ကိုလဲကြည့်ဦး ရှေ့တန်းမှာထိုင်ရင်နောက်တန်းကလူတွေဘာမှမြင်ရမှာမဟုတ် ပြီးတော့လာတဲ့အချိန်ကိုလဲကြည့်.." "ရားး ပြောလိုက်တာဆိုတာရေသောက်ပါဦး ဒါနဲ့အလွှာရော လွယ်အိတ်တွေ့တယ် လူမတွေ့" "ထုံးစံတိုင်းပဲ" သူမသိလိုက်ပါပြီ သူ့ကောင်လေးနဲ့ဒိတ်နေတယ်ဆိုတာ သူတို့ကရိုးသားတာမဟုတ် private schoolမှာပိုက်ဆံရှိရင်ရှိသလို ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိသည် အလွှာကရည်းစားရှုပ်သည် ထားတိုင်းလဲစည်းကိုထိလုနီးပါးဖြစ်သည် သူငယ်ချင်းကိုပြောမနိုင်၍လွှတ်ထားကြတာဖြစ်သည်
"စာသင်ကြရအောင်" ဆရာမဝင်လာကာ အကုန်လုံးငြိမ်သက်သွားသည် "အားလုံးပဲ Chemistry Text Book ဖွင့်ကြမယ်...."

School love property &lt;3Where stories live. Discover now