Ep - 9

3.9K 25 1
                                    

ဇက်တို့အဖွဲ့လဲအလျှင်အမြန်ကန်တင်းကိုသွားလိုက်သည် ဘာလို့ဆိုဇက်ကခြယ်ကျောင်းရောက်ပြီးစကားတွေစပြောကတည်းကသူကြည့်နေတာဖြစ်သည် ခြယ်ကသာဒေါသတွေထွက်နေလို့သူ့ကိုမမြင် ခန့်အောင်လင်းကတော့ သူရဲ့ချစ်ခင်လှပါသော ခြယ့်ကိုအနာတရမဖြစ်အောင်ဝင်ဆွဲရန်ချက်ချင်းထသွားတေယ့သည် သူလဲထရောတချို့မိန်းကလေးတွေပါစိတ်ဝင်စားပြီးကန်တင်းမှာလူများသွားတော့သည်

ခြယ်တို့ကန်တင်းကိုရောက်တော့မိုးအိမ့်တို့ကအအေးထိူင်သောက်နေသည် ခြယ်လဲမဲ့ပြုံးပြုံးလိုက်ကာသူတို့ဝိုင်းနားသွားလိုက်သည် ဇက်ကတော့သူ့ရဲ့ခြယ်လေးဘာလုပ်မလဲဆိုတာလိုက်ကြည့်နေသည် သူသာခြယ့်နေရာမှာဆိုမျက်နှာကိူအချိုရည်နဲ့ပက်လိုက်ပြီဖြစ်သည်
"အဟင်းဟင်း မိုးအိမ့်လား ဒီတစ်ယောက်က"
"အော် ဘယ်သူများလဲလို့ xာသည်မရဲ့သူငယ်ချင်းပဲ"
"ပါးစပ်ကအရမ်းယုတ်တာပဲနော် ကိုယ်အဆင့်နဲ့ကိုယ်ပြောနေတာလား နင်သုံးတဲ့စကားတွေကနင့်အဆင့်ကိုဖော်ပြတာနော် မိုးအိမ့်"
"ဘာ!!!"
ခြယ်တို့လေပြည်လေအေးပြောနေတုန်း ခြယ့်စကားကြောင့်မိုးအိမ့်ဒေါသထွက်သွားကာ ထအော်လိုက်ခြင်းဖြစ်သည်
မိုးအိမ့်အသံကြောင့်ကန်တင်းတခုလုံးမှာရှိတဲ့လူတွေကသူတို့အနားကိုဝိုင်းလာကြပြီးစူးစမ်းနေကြသည် တယောက်တမျိုးလဲအတင်းပြောနေကြသည်

"​နာသွားသလား မိုးအိမ့် ဘာလဲ ပြောတာမှန်လို့လား"
"ရွှေမှုန်းခြယ် နင်တရားလွန်မလာနဲ့နော်"
"အိုးဟို လက်ညှိုးတွေနဲ့တောင်ထိုးလာပြီဆိုတော့ကြောက်လာပြီ စိတ်လျှော့ပါဦး အလွှာ့လောက်နင်မဖြစ်သေးဘူးလေနော်"
အလွှာကတော့ငိုနေဆဲ ဝတ်ရည်ကအလွှာ့လက်မောင်းလေးကိုကိုင်ပေးထားကာမငိုဖို့နှစ်သိမ့်လေသည်

"အော် ငါ့ကိုသူ့လိုဖြစ်အောင်လုပ်ချင်တယ်ပေါ့ လုပ်ပေါ့ မိုးအိမ့်တို့ကတော့မဖြုံဘူး ဟားဟား"
"မိုးအိမ့်ရေ ခြယ်ဆိူတဲ့ဟာမလေးကိုကြောက်ပေးလိူက်ပါ အရှက်ကွဲဦးမယ် ဟားဟား"
"အေးပါဟယ် ဟိုမှာပြန်ကြောက်နေဦးမယ်"
မိုးအိမ့်တို့သုံးယောက်လုံးခြယ့်ကိုဟားတိုက်ရယ်နေကြသည် ဇက်ကဝင်ကြမ်းချင်တာသူ့သူငယ်ချင်းတွေတားထားလို့ ခန့်ကလဲကြည့်နေတာကသူ့သူငယ်ချင်းဘယ်လောက်တော်လဲသိချင်လို့ မတွေ့ရတဲ့နှစ်နှစ်အတွင်းဘယ်လောက်ပြောင်းလဲသွားလဲသိချင်လို့ပါတဲ့
ဝိုင်းကြည့်နေတဲ့သူတွေကလဲတီးတိုးပြောပြီးကြည့်နေသည်
ထိုစဥ်အကုန်လုံးမျက်လုံးပြူးသွားသည် အကြောင်းကတော့ ခြယ်ကမိုးအိမ့်သောက်ထားတဲ့အချိုရည်ခွက်နဲ့မိုးအိမ့်ခေါင်းပေါ်ကနေအချိုရာ်တွေလောင်းချခြင်းဖြစ်သည် မိုးအိမ့်ဝတ်ထားတဲ့ဂါဝန်ကဒူးလောက်ထိသာရှိပြီးပါးနေတာကြောင့် သူ့အတွင်းအက်ျီတွေရော ဘောင်းဘီတွေပါပေါ်ကုန်တော့သည် ကျောင်းသားကျောင်းသူတွေကလဲအလျှင်မြန် ဖုန်းထုတ်ပြီးဗီဒီယိုရိုက်သူကရိုက် ဓာတ်ပုံရိုက်သူကရိုက်နဲ့ မိုးအိမ့်အရှက်ကွဲရတော့သည် သူ့သူငယ်ချင်းနှစ်ယောက်လဲဘာမှမတတ်နိူင် ပါးစပ်အဟောင်းသားနဲ့ ဇက်ကတော့သူ့ကောင်မလေးကသူ့လိုပဲဆိုပြီးကြိတ်ပျော်နေတယ် (မတွဲရသေးပဲ ကိုယ့်အပိုင်ဆိုပြီးသတ်မှတ်ထားရင်ကိုယ်တယောက်တည်းအသိကိုယ့်ကောင်မလေးပြောတာပါ)
ခန့်ကလဲသူ့သူငယ်ချင်းမပြောင်းလဲတာတွေ့တော့ရယ်မိသည်
အလွှာလဲငိုတာရပ်ပြီးကျေနပ်သွားသည် ဝတ်ရည်ကတော့လက်ခုပ်တီးတာပေါ့

School love property <3On viuen les histories. Descobreix ara