Ep - 10

5.1K 34 1
                                    

ရုံးခန်းထဲမှာ ထိုင်ပြီးစာရင်းဇယားတွေစစ်နေတဲ့ အဖေဖြစ်သူကို မျက်နှာငယ်နဲ့ကြည့်ပြီးတော့
"Dad ကျောင်းသားအသစ်ကဘယ်လိုရောက်လာတာလဲ"
"ဘယ်အတန်းလဲ သားရဲ့"
"G-11 ခန်းက ခန့်လင်းအောင်ဆိုလား ခန့်အောင်လင်းလား မသိဘူးဗျာ သူ့ကိုကျောင်းထုတ်ပေး"
"အဲ့ကောင်လေးရဲ့ ပညာရေးရာဇဝင်ကကောင်းပါတယ် ဘာလို့ထုတ်ရမှာလဲငါ့သားရယ်"
"ကြည့်မရလို့"
"သူနိုင်ဇက် အတန်းထဲပြန်တော့ကြည့်မရတာနဲ့ပဲထုတ်လို့မရဘူး"
"Dad က ဘာဖြစ်နေတာလဲ သူ့ကိုကျောင်းထုတ်ခိုင်းတာနဲ့အော်စရာလား"
"အေး သူ့လောက်စာတော်ရင်ငါထုတ်ပေးမယ်"
'shit မုန်းဖို့ကောင်းလိုက်တဲ့ကောင်ကွာ'
ဇက်ရုံးခန်းထဲမှပြန်ထွက်သွားသည်

ခြယ်တယောက်ငိုလို့ဝလို့ ဝတ်ရည်နဲ့စကားပြောနေခြင်းဖြစ်သည် ခန့်ကတော့သူငယ်ချင်းအသစ်တွေနဲ့သူ့အကြောင်းကိုယ့်အကြောင့်ပြောလိုက် ကောင်မလေးတွေအကြောင်းပြောလိုက်နဲ့ပေါ့
ခန့်ကို ထွဋ်နဲ့တည်ကြည်တို့ကသူတို့ကောင်မလေးအကြောင်းပြောနေတာပေါ့
"ဒါနဲ့ ဟျောင့် မင်းရောကောင်မလေးမရှိဘူးလား"
"အေးနော် မင်းဆီကကောင်မလေးအသံလဲမကြားရ"
"မရှိပါဘူးကွာ အက်တာတွေကငယ်ပါသေးတယ်"

ထိုအချိန်အခန်းဝမှ ကလျာကခြယ့်ကိုခေါ်လိုက်သည်
"ခြယ်လေးရှိလား ခြယ်လေးရေ ခနလာဦး"
ခြယ်လဲသူ့ကိုခေါ်သံကြား၍လှည့်ကြည့်ပြီးအခန်းဝကိုသွားလေသည်
ခြယ့်ကိုလိုက်ကြည့်နေသောခန့်ကိုသူ့သူငယ်ချင်းတွေကရိပ်မိသွားပြီ
"အံမယ် ကောင်လေး ငယ်ပါသေးတယ်ဆို ဘာလဲမင်းခြယ့်ကိုစိတ်ဝင်စားနေတာလား"
"မဟုတ်ပါဘူးကွာ ဒီလိုပါပဲ"
"လိမ်ရင်မင်းသူနဲ့မပေါင်းရပါစေနဲ့ကွာ"
"အက်လိုတော့မလုပ်ပါနဲ့ကွာ အမှန်ပြောပါ့မယ် ဘယ်သူ့ကိုမှတော့ပြန်မပြောနဲ့"
"စိတ်ချ ငါတို့ကနှုတ်လုံတယ်"
"အေး ခနနေမေ့သွားတာငါတို့က"
"ငါ ငါခြယ့်ကိုဖွင့်ပြောဖူးတယ်"
"ဟယ်"
"အဲ့လယ်"
"မင်းတို့ကလဲ တိုးတိုး သူငါ့ကိုငြင်းထားတယ် ခုသူချိတ်ထားတဲ့ kuromi သော့ချိတ်ကငါပေးထားတာ
သူ့ပြန်ချစ်မဲ့နေ့ကိုပဲငါစောင့်တော့မယ်"
"ဆရာကြီးပါလားကွ ဟိုတယောက်ကရီးစားထားဖူးလား"
"ဟင့်အင်း အကုန်ပတ်ငြင်းတာ ငါလဲပါတယ်"
"သနားစရာခန့်ကြီးပါလား"
"မစပါနဲ့တည်ကြည်ရယ် ငိုဦးမယ်"
"မင်းတို့ကလဲကွာ"

School love property <3Där berättelser lever. Upptäck nu