Ep - 5

4.8K 21 1
                                    

ခြယ်တယောက်ရေမိုးချိုးပြီး မေတို့ဖေတို့နဲ့ညစျေးလျှောက်မယ်ပြောကြသည်
ခြယ်လဲလှလှပပလေးဖြစ်အောင် တခါမှမဝတ်ဖူးသည့် ဂါဝန်လေးဝတ်ခဲ့သည် ဂါဝန်လေးကခြယ့်ဒူးလောက်သာရှည်ပြီးရင်ဘက်ကိုဇာအကြည်လေးတွေနဲ့ကွပ်ထားလေသည် အပြာရောင်ဝါကန်လှလှလေးနဲ့ခြယ်တယောက်လှနေတော့သည် ဆံပင်ဂုတ်ဝဲလေးကိုလဲ kuromi ကလစ်လေးနဲ့ညှပ်ထားလေသည်
"လှချင်လှချည်လား သမီးခြယ်"
"ဟီးး ဖေကလဲ ခြယ်ကတခါတလေလှတာပဲနော် ဖေ့မိန်းမလေးကသာ အမြဲလှနေတာ"
"သမီးနော် နင်မဟုတ်တာမပြောနဲ့ သွားကြမယ် ဖေကြီးသော့ယူပြီးပြီလား"
"ယူပြီးပါပြီဗျ သွားကြမယ်"
"ဟုတ်"
"ဟုတ်ကဲ့"

ဇက်တယောက်ခုနကမှအသစ်စက်စက်ရလာပြန်တဲ့ကောင်မလေးတယောက်နဲ့ညစျေးမှာမုန့်ထွက်စားနေသည် ကောင်မလေးကိုလည်းတကယ်ချစ်နေတဲ့ပုံပဲ ဇက်ရဲ့လက်ကိုတွဲထားတာ ဇက်တယောက်လက်တွေချွေးပြန်တဲ့အထိပဲ တုတ်ထိုးဆိုင်နားရောက်တော့
"ကိုကို ချစ် တုတ်ထိုးစားချင်လို့ လာ ထိုင်စားကြရအောင်"
"ဟုတ်ပြီ စားလေ ထိုင်စောင့်နေမယ်"
ရတီတယောက်လဲ တုတ်ထိုးကိုစိတ်ကြိုက်ရွေးစားနေလေသည် ဇက်ကတော့ဘေးမှာထိုင်စောင့်ကာဖုန်းထိုင်ကြည့်နေသည်

ထိုစဥ်ကလေးမတယောက်မှ "မေ့ ခြယ်တုတ်ထိုးစားချင်တယ်လို့ကွားးး"
"မစားရဘူး မိခြယ် ဗိုက်အောင့်မယ်"
"ဟမ် မရပါဘူး စားမှာ"
"စားရင်တစ်ပတ်မုန့်ဖိုးဖြတ်မယ်နော် စားချင်သွားစားအဝစား"
"ဖေရေ ဖေ့မိန်းမကိုပြောဦး ခြယ်စားချင်တာကိုပိတ်ပင်နေတယ် ဟင့်"
"ဟုတ်သားပဲ မေကြီးရယ် တခါတလေပဲကို စားစား သမီး တအားမစားနဲ့နော် ဗိုက်အောင့်မယ်"
"ဟုတ်ကဲ့ ဖေ ဟီး အက်တာကြောင့်ဖေ့ကိုအရမ်းချစ်တာ" ဆိုပြီး တုတ်ထိုးဗန်းရှေ့မှာဝင်ထိုင်လေသည်

"သမီးခြယ် ဖေနဲ့မေ ဟိုဘက်ခနလျှောက်ဥိီးမယ် စိတ်ချမယ်နော် သမီး"
"ဟုတ်ကဲ့ပါ မေ တာ့တာ"
ဇနီးမောင်နှံနှစ်ယောက်သားတွဲကာစချစ်သူတွေအလားလက်ချင်းချိတ်ကာ လျှောက်လေတော့သည်

ရတီ့နားကောင်မလေးတယောက်ရောက်လာ၍ကြည့်လိုက်မိသည်
'ဟယ် ကလေးမကချစ်စရာလေးတော် သူ့ကောင်လေးကကံကောင်းတာပဲ'
ဇက်ကကြောင်အစွဘယ်ာထိုကလေးမကိုလှည့်ကြည့်မိပြန်သည် 'လိုတွေတောင်ရေစက်ဆုံနေရတာလဲကွာ ထပ်တွေ့ရပြန်ပြီ'

School love property <3Where stories live. Discover now