Ep - 12

5.8K 25 0
                                    

ခြယ်အိမ်ကိုအမြန်ပြေးပြန်သွားသည် အိမ်ရောက်တော့အိမ်ရှေ့ကဒန်းပေါ်မှာထိုင်နေကြတဲ့ဖေနဲ့ဖေကိုတွေ့သည် ဒီနေ့သူတို့ရဲ့ ၂၀ နှစ်ပြည့်မဂ်လာနှစ်ပတ်လည်နေ့ဖြစ်သည် ဒါကြောင့်တနေ့လုံးကိုနှစ်ယောက်အတူတူအချိန်ကုန်ဆုံးနေကြသည် ခြယ် ဖေနဲ့မေသတိမထားမိအောင်ပုံမှန်အတိုင်းပဲဖြတ်သွားပြီးအပေါ်ထပ်ရှိအခန်းထဲသို့အမြန်ပြေးဝင်သွားသည် ထို့နောက်သူမရေချိုးခန်းထဲသို့ဝင်ကာ ဇက်နမ်းခဲ့တဲ့နေရာတွေ​ရော ထိခဲ့တဲ့နေရာတွေပါ ရေနဲ့ဆေးချပစ်သည် ခေါင်းလဲလျှော်ပစ်လိုက်သည် သူမခေါင်းထဲအဲ့အကြောင်းတွေပြန်ပေါ်လာတိုင်းငိုမိသည်
သူမကျောင်းပြောင်းမည် ဒါအစကတည်းကလုပ်သင့်တာ
ခြယ် ပုံမှန်တိုင်း ts နဲ့ jj ဝတ်ကာ အိမ်ရှေ့မှာဒန်းစီးနေကြတဲ့ဖေနဲ့မေရှေ့သွားရပ်လိူက်သည်

"ဟယ် ဖေ့သမီးလေး မျက်နှာလဲမလန်းပါလား ဘယ်လိုဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး ခြယ်ပြောစရာရှိတယ် ဖေနဲ့မေကို"
"ပြောလေ သမီးလေးရဲ့ ဒီနေ့ကမေတို့ရဲ့နှစ်ပတ်လည်ဆိုတော့သမီးပြောတာအကုန်ဖြစ်စေရမယ်"
"ခြယ် ခြယ်..."
"တယ် ငါ့သမီးကစကားတွေဘာတွေထစ်လို့ပါလား"

ခြယ်စဥ်းစားနေသည်က သူ့ကိုအကြောင်းပြချက်မေးရင်ဘယ်လိုဖြေရမလဲပဲ ခြယ် လက်နောက်ပစ်ထားပြီးလက်တွေကဂနာမငြိမ်ဖြစ်နေသည်

"သမီးပြောမယ်နော် ဖေ"
"ပြောလေ သမီးခြယ်"
"သမီး သမီး ကနေဒါမှာကျောင်းတက်ချင်တယ် ခုကျောင်းမှာမတက်ချင်တော့ဘူး"
"ဟမ် ဘာလို့လဲသမီးရဲ့"
"အဲ့တာ အဲ့တာကလေ.... ဟိုဟာ"
"အော် ဖေကြီးရယ် ဟိုမှာအလွှာလဲရှိတယ်ဆို သူနဲ့အတူတူတက်ချင်လို့နေမှာပေါ့ရှင်"
"အချစ်လေးအရမ်းတော်"
"ရှင်ကြီးနော် သမီးလေးရှေ့မှာကို"

ခြယ်မိဘတွေကြည်နူးနေတာကိုလဲသူမမစနိုင်တော့ပါ ရုံးခန်းထဲမှာသူ့ရဲ့အရှက်ကွဲပုံကိုပဲပြန်လည်မြင်ယောင်နေမိသည်

"သမီးထွက်စာတင်ပြီးပြီလား"
"ဟင့်အင်း ဖေ ခြယ်နက်ဖြန်မနက်သွားချင်တယ် ဖေပဲသွားတင်ပေး"
"သမီးတော်လေးသဘောပါဗျ"
"သားအဖတွေများအတိုင်အဖောက်ညီနေကြတာပဲ"
"အဲ့တာဆိုသမီးအဝတ်အစားတွေထည့်ထားမယ်နော်"
"ဟုတ်ပြီ သမီး လိုချင်ပြောဦးနော်"
"ဟုတ်"

School love property <3Where stories live. Discover now