Ep - 7

4.3K 30 0
                                    

ခြယ်ဖုန်းလာ၍ချက်ချင်းကိုင်လိုက်သည် ဘယ်သူဆက်လဲဆိုတော့က... သူမရဲ့ချစ်ခင်လှပါသော သူငယ်ချင်းကြီးခန့်အောင်လင်းပါ
"hello ခြယ်"
"hello ခန့် ထူးထူးဆန်းဆန်းဖုန်းတွေဆက်လို့ပါလား"
"မဟုတ်ပါဘူး ခြယ်ရယ် နေ့လယ်စာစားပြီးပြီလား"
"ခုကကန်တင်းမှာ စားတော့မလို့"
"အော် အက္တာဆို စားလိုက်လေနော် ဖုန်းချလိုက်မယ်"
"ရပါတယ် ဘာပြောမို့လဲ"
"ဘာမှပြောပါဘူး ခြယ်လေးရဲ့ suprise လုပ်စရာရှိတယ်"
"ဟင် ပြောပြော ဘာကိုလဲ"
"ဘိုင့် ခြယ်လေး"
ခန့်မှအရင်ဖုန်းချသွားလေသည်

ခြယ်တယောက်ဆူပုတ်ပုတ်နဲ့ဝတ်ရည်တို့ဆီပြန်လာလေသည်
"ဟဲ့ မိခြယ် ဘယ်လိုဖြစ်လို့ဆူပုတ်"
"အေးလေ ဖုန်းလေးတခါပြောတာနဲ့ဆူပုတ်နေတာဘယ်သူမို့လို့"
"ဘာမှမဖြစ်ဘူး  ဗိုက်ဆာတယ် စားကြမယ်"
"အင်းအင်း မှာထားလိုက်ပြီ"
အဲ့နောက်သူတို့တွေစားလိုက်ဟာသပြောလိုက်အတင်းတုပ်လိုက်နဲ့အချိန်ကုန်သွားသည်

ထိုအပြုအမူတွေကို ဇက်တို့သုံးယောက်ထိုင်ကြည့်နေကြသည် ဇက်ကတော့ခြယ့်ဆီကလုံးဝမျက်လုံးမခွာပေ ဝင်းမြတ်တို့ကတွေ့တော့
"ဟျောင့် ဇက် မင်းမျက်လုံးကြီးကျွတ်ကျတော့မယ် ကြည့်လှချည်လား"
"အေးလေကွာ ခုနပုံနဲ့တခြားစီ"
"နားငြီးတယ်ကွာ လီးပဲ မြိုစရာရှိတာမြို"
"ဟျောင့် ဟိုမှာစကီလေးတယောက်မင်းဆီလာနေတယ် ဘယ္သူလဲ မင်းစော်လား"
"ဟမ် ဘယ်ဟာမလဲ"
ဇက်တယောက်သူ့သူငယ်ချင်းတွေပြောရာလှည့်ကြည့်လိုက်တော့ သူမလာဘဲနေခိုင်းထားတဲ့ ရတီကသူ့ဆီတန်းတန်းမတ်မတ်ကြီးလာနေတယ်
'ဟမ် သူကဘယ်လိုရောက်လာတာ မလာပါနဲ့ပြောတာကိုကွာ'
"ကိုကို ချစ်ကကိုကိုမအားဘူးထင်လို့ အားနေတာပဲကို"
"အင်း အားတယ် မလာစေချင်လို့"
ရတီတယောက် ဇက်သူငယ်ချင်းတွေရှေ့အပြောခံလိုက်ရတော့မျက်နှာတွေပူထူပြီးရှက်သွားသည်
"အဟင်းဟင်း ကိုကိုကလဲနောက်ပြီ ထိုင်မယ်နော် ကိုကို"
ရတီဇက်နားကခုံမှာထိုင်မလို့ပြင်လိုက်တဲ့အချိန်ဇက်ကအဲ့ခုံကိုခေထောက်ဖြင့်ကန်လိုက်သည်
အသံကကျယ်တာကြောင့် ခြယ်တို့အဖွဲ့ပါလှည့်ကြည့်မိသည် သူတို့တင်မဟုတ်အနီးရှိလူများလည်းထပ်တူလှည့်ကြည့်မိကြသည်
ရတီဒေါသထွက်သွားကာ
"ကိုကို ဒါဘာလုပ္တာလဲ ချစ်ထိုင်မလို့ကို"
"အင်း မထိုင်စေချင်လို့လေ"
"ကိုကိုရယ် ဘာတွေစိတ်ဆိုးနေတာလဲ လူတွေအကုန်ဝိုင်းကြည့်ကုန်ပြီ"
"ငါဘာမှလဲစိတ်မဆိုးဘူး ဝိုင်းကြည့်တာသူတို့စောက်ကြောင်း ပြီးတော့မင်းကိုလဲငါဂရုကိုမစိုက်တာ"
ဘာ ကိုကို ချစ်ဒေါသထွက်လာပြီနော် လာ စကားပြောရအောင်"
"မပြောနိုင်ဘူး မကျေနပ်ရင်ပြတ်လိုက် မဟုတ္ဘူး ပြတ်မယ်"
"ဘာလို့ပြတ်မှာလဲ ကိုကို ရတီကိုကို့ကိုအများကြီးချစ်ခဲ့တာလေ"
"အင်း ပြောလို့ပြီးပြီလား လစ်တော့"
"မလစ်နိုင်ဘူး ခုရှင်းမယ်"
"မင်းမလစ်ရင်ငါလစ်မယ် လာ သားရီးတို့ ဒိုးမယ်"
"ကိုကို မသွားနဲ့"
ဇက်တို့သုံးယောက် ထိုင်နေရာမှထကာ ထသွားလေသည် ရတီကဇက်ရဲ့လက်ကိုလိုက်ဆွဲကာငိုယိုပြီးဖြေရှင်းမယ်လုပ်နေသည် ဇက်ကတော့ရတီ့လက်ကိုဖြုတ်ချကာ ရှေ့ဆက်လျှောက်လေသည်
ရတီရှက်တာရော ဝမ်းနည်းတာရော အကုန်ရောပြီးထိုင်ချငိုမိလေသည်

School love property <3Where stories live. Discover now