Ep - 6

4.3K 34 0
                                    

သူမညကအိပ်ရေးဝဝအိပ်ကာ ဝတ်ရည်နဲ့အလွှာတို့ကိုဘယ်လိုအတင်းတုပ်ရမလဲစဥ်းစားပြီးသားဖြစ်သည် သူမကျောင်းကိုဖေလိုက်ပို့ပေးသည် ခြယ်ကတော့လွတ်လွတ်လပ်လပ်ဖြစ်အောင် tsနဲ့ jjသာဝတ်လေသည်
ဘယ်လိုပုံဖြစ်ဖြစ်သူမနဲ့ကြည့်လို့လှလေသည် သူမအခန်းထဲအမြန်ဝင်ပြီး ဝတ်ရည်နဲ့အလွှာကိုတွေ့တော့ လက်ကိုအမြန်ဆွဲပီး
"ဟက်ဟက် ကမတွေ အတင်းတုပ်ကြမယ်"
"​တုပ်တုပ် ဘယ်သူ့အကြောင်းလဲ"
"အေးနော် မဟုတ်ပဲမပြောနဲ့ ငရဲကြီးလိမ့်မယ်ဟဲ့"
"နားမထောင်ရင်နေ ခုပြောမှာကကျောင်းမှာကွင်းဆိုပြီးနာမည်ကြီးနေတဲ့အကောင်လေဟယ် ဘယ်သူလဲသူ့နာမည်"
"သူနိုင်ဇက်လား"
"အေးဟုတ်တယ် အက်သူနိုင်ဇက်မနေ့ကတင်ငါတို့ရှေ့တယောက်တွဲသွားတာကို ခုကျမှနောက်တစ်ယောက်ထပ်တွဲနေတယ် ဟိုမမကလဲ သူ့လင်ပဲယောကျာ်းလေးမှတ်နေလားမသိပါဘူးဟယ် စိတ်ညစ်တယ်"
"သူကတကယ်အက်လိုကြီးလား"
"အက်လိုကြီးပေါ့ ဝတ်ရည်ရယ် ငါတောင်မတွဲမိလို့တော်သေး"
"နင်တို့နှစ်ယောက်ပဲယူလိုက်တော့"
"စဥ်းစားလေဟယ် ခုအတင်းတုပ်နေတာဆိုတော့နင်ကသူ့ကိုမုန်းနေတာလား"
"ဒါပေါ့ ဝတ်ရည်ရယ် ငါ့သူငယ်ချင်းလေးအတော်ဆုံးပဲ ဟဲဟဲ"
"မိခြူး အမုန်းကစတဲ့အချစ်ကပိုခိုင်တယ်တဲ့နော်"
"ထွီ သွားစမ်းပါဟာ ရွံစရာ သေတောင်မချစ်ဘူး ဒါပဲ"
"အေးပါဟယ် ခုပြောထားဦးပေါ့"
"နင်တို့ကခုကျတည့်နေကြတယ်ပေါ့ ဆက်တည့်ကြ ဟွန်း"
"စတာပါ ခြူးရယ် time break ရင် ကန်တင်းသွားပြီးအဆင်လေးတွေငမ်းရအောင်"
"နှာဘူးမ ဝတ်ရည်"
"အေးလေ ငမ်းစရာလား သူတို့ပဲလာငမ်းပေါ့"
"ရှူး ဆရာလာပြီ နေ့လယ်မှသွားမယ်"

ဇက်တစ်ယောက် တနေ့လုံးရွှေမှုန်းခြယ်ဆိုတဲ့ကလေးမကိုမတွေ့သေးသရွေ့နေမထိထိုင်မထိဖြစ်နေလေသည်
"ဟျောင့် ဇက် လိ့မို့ဟိုလျှောက်ဒီလျှောက်လုပ်နေတာလား ငါ့တိုက်ဦး"
"အေးကွာ တချိန်လုံးအငြိမ်မနေနိုင်"
"မင်းတို့ကလဲကွာ ပျင်းတယ် ရော့ သေအောင်သောက်"

သူရမင်း ဝင်းမြတ် နဲ့ ဇက်တို့သုံးယောက် ဆေးလိပ်သောက်နေကြတာဖြစ်သည် တယောက်တလှည့်နဲ့လုနေကြသည် သင်မဲ့ဆရာကမဝင်လို့ အခန်းနောက်မှာသောက်နေကြတာ ဘယ်သူမတားကြ ကိုယ့်ကိစ္စနဲ့ကိုယ်နေကြတာဖြစ်သည်

School love property <3Where stories live. Discover now