Ep-2

6.9K 29 0
                                    

သူမတို့သုံးယောက်အခန်းထဲဝင်ခါနီးတော့ G-12 ကျောင်းသားအုပ်သုကအခန်းရှေ့ရပ်နေတာတွေ့ရသည် ဘယ်သူတွေလဲပေါ့ ကင်းဆိုတဲ့လူနဲ့သူရဲ့အပေါင်းအပါတွေ သူများတွေအတွက်က king ခြယ်တို့အတွက်ကကင်း ကင်း"ရှင်း"နေရမှာမို့လို့ ခြယ်တို့လမ်းဖယ်ပေးလိုက်ပြီးသူတို့အရင်ထွက်တာကိုစောင့်နေသည် သူတို့ထွက်သွားပြီအထင်နှင့်ခြယ်အရင်ဝင်လိုက်သည် အက်မှာတင်စမှားသွားတာ ကင်းကအခန်းထဲမှာသူ့ညီဝမ်းကွဲ ​ဟိန်းမင်းဆီလာပြီးဘာတွေပြောလဲမသိ ဟိုကဒေါသတွေထွက်နေသည် ကင်းကအခန်းထဲကအထွက် သူမကအဝင်နဲ့တိုက်မိသွားသည် ခြယ်ကဒီတိုင်းဆိုအရပ်ရှည်ပေမဲ့ကင်းနဲ့ဆိုရင်ခွင်မီလေးလိုပုသွားသည် "ဒုတ်" (တိုက်မိသံ)
'ကျစ် စိတ်ပျက်လိုက်တာ ဘယ်လိုလူလဲ'
မော့ကြည်မိလိုက်တော့ကျောင်းအုပ်ကြီးရဲ့သား သူနိုင်ဇက်ဆိုသည့် the whole kingဖြစ်နေလေသည် ခြယ့်မျက်လုံးတွေဝိုင်းစက်သွားကာချက်ချင်းနောက်ဆုတ်လိုက်သည် ကင်းကတော့သူမမျက်လုံးကိုတချက်သိုက်ကြည့်ကာပြန်ထွက်သွားသည်
အလွှာ : "ဟဲ့ ခြယ် ဘာလဲ ရင်ခုန်သွားတာလား" ခြယ် : "ပေါက်ကရပါဟယ် ရင်ခုန်တာမဟုတ် ရင်တုန်တာ လန့်သွားတာပဲ"
ဝတ်ရည်:မသိပါဘူး ရင်ခုန်ပြီးကြိုက်သွားသလားလို့ ဟင်းဟင်း" "ဟုတ်တယ်နော် အဟမ်း" "နင်တို့ကနော် ခုမှလာတည့်နေကြ မပြောတော့ဘူး" ပြောပြီးအခန်းထဲဝင်သွားတော့သည် လွှာနဲ့ဝတ်ရည်တို့လဲခြယ့်ကိုလိုက်စနေတော့သည်

သူနိုင်ဇက်ထိုကောင်မလေးအားမျက်လုံးထဲမှထုတ်မရချေ မြင်ဖူးပါတယ်လို့အသေအချာပြန်စဥ်းစားကြည့်တော့မနှစ်ကကောင်မလေး သိတာတော့မဟုတ် သူ့သူငယ်ချင်းတွေကထိုကောင်မလေးသူငယ်ချင်းတွေကိုစလိုက်နောက်လိုက်နဲ့မို့မြင်ဖူးနေကြဖြစ်သည် ထိုကောင်မလေးကိုမနှစ်ကတောင်အရိပ်တကြည့်ကြည့်လိုက်နေသေးသည် ကျောင်းပိတ်တော့မေ့သွားတာ အခုကျောင်းပြန်ဖွင့်တော့တန်းတွေ့ရော တွေးနေရင်း "heat waves been faking me out
can't make you happier now..." ဖုန်းလာတော့သူ၏အတွေးဆပြတ်သွားကာ "ဟယ်လို" "အေး သားရီး မင်းအခုဘယ်မှာလဲ" "ဘယ်မှာရမလဲ ဖားသားကြီးနားမှာ" "ဘာထိုင်လုပ်နေတာ" "ခနထိုင်နေတဲ့ လမ်းသလားနေမှာစိုးလို့တဲ့" သူအက်လိုပြောတော့ဘေးနားကသူ့အဖေကလှည့်ကြည့်ကာ စာအုပ်တွေဘက်အကြည့်ပြန်ပို့လိုက်သည် "အခုအားလား အားရင်ထွက်ခဲ့ ထိုးပွဲရှိတယ်" "ဟော လာရမှာပေါ့ ဘယ်ကိုလဲ messageမှာပို့ထားလိုက် ဒါပဲ" "အေးအေး ပို့လိုက်မယ် အမြန်လာ" ဖုန်းချပြီးတော့ "Dad သားသူငယ်ချင်းတွေနဲ့အပြင်ခနသွားမယ်နော် သိပ်မကြာဘူး" "အတန်းချိန်တွေရှိသေးတယ်မလား မသွားနဲ့" ဇက်စိတ်ရှုပ်လာကာ "သွားပြီ ခနနေပြန်လာမယ်" အပြင်အမြန်ပြေးထွက်သွားသည် ဘယ်လောက်မြန်လဲဆိုရင်ဆိုင်ကယ်သံပါကြားလိုက်ရသည် ဒီသားတယောက်နဲ့ဦးနိုင်မိုးလွင်မှာလဲထိန်းမရ သူ့ဇနီးကိုလဲအလုပ်ရှုပ်မှာစိုး၍မပြောခြင်းပင် သားကိုမနိုင်တော့ဆရာတွေဆရာမတွေကိုပဲ time break ပေါ့

School love property <3Where stories live. Discover now