Ep - 8

4.1K 24 0
                                    

နောက်တနေ့မနက်ခင်းတွင် ခြယ်တစ်ယောက်အိပ်မောကျနေသည်
"သမီးရေ ထတော့လေ မေမနက်စာပြင်ထားတယ်"
"..."
သမီးဆီမှအသံကိုတော်တော်နှင့်မကြားရ၍အပေါ်ထပ်တက်ပြီးသမီးအခန်းထဲဝင်လေသည်
သူမရဲ့ချစ်လှပါသော သမီးကကို့ရိုးကားယားဖြင့် လွန်စွာအိမ်မောကျနေသည် သူမတချက်ပြုံးလိုက်မိကာ
"သမီး ဟဲ့ ကောင်မလေး ထတော့ ကျောင်းနောက်ကျတော့မယ်"
"ဟင် မေကလဲအစောရီးကိုကွားးး ဝှားးး"
"နာရီကိုကြည့်ဦး ကောင်မလေး"
ခြယ် စာရေးစားပွဲပေါ်ကနာရီကိုထကြည့်လိုက်တော့ မျက်လုံးပြူးသွားသည်
"ဟင် 9:00 တီးတော့မယ် မေကလဲဘာလို့ခုမှလာနှိုးတာလဲလို့ နောက်ကျနေပြီ မြန်မြန်"
ပြောချင်တာတွေပြောပြီးတော့ရေချိုးခန်းထဲဝင်သွားလေသည်

ခြယ်ရေမိုးချိုးပြင်ဆင်ပြီး မနက်စာစားဖို့အောက်ဆင်းလာသည် ဖေနဲ့မေနဲ့ချစ်ကြည်နူးနေကြသည်ကိုမြင်သောအခါ
"အဟမ်းအဟမ်း ငှက်မောင်နှံတော့မနက်အစောကြီးသာယာနေကြတယ်နော်"
"မိခြယ် ဘယ်လိုတွေပြောနေတာလဲ မနက်စာလာစား ပြီးရင်ဖေကြီးကျောင်းလိုက်ပို့လိမ့်မယ်"
"ဟုတ်ကဲ့ ဖေ သမီးလဲကားမောင်းသင်ချင်တယ်"
အဖေ့နားသွားကာ အချွဲပိုပြီးပြောကြည့်လိုက်သည် အမေကတော့လှည့်သာကြည့်သည်
"သမီးကျောင်းပြီးရင်သင်ပေးမယ် ခုမနက်စာစား"
"ဖေကလဲကျောင်းပြီးဖို့အဝေးကြီးလိုသေးတာကို ဟွန်းး"
"သမီးရယ် မနက်စာစားလိုက် နောက်ကျလိမ့်မယ်"
"မေလဲဖေ့ဘက်ကပဲသိလား မပြောချင်ဘူးးး"
ဆူဆောင့်အောင့်ကာမနက်စာစားလေသည်
ဇနီးမောင်နှံတွေကတော့ မလွယ်ဘူးဆိုတဲ့အကြည့်မျိုးတွေနဲ့သာပြုံးပြုံးကြီးနေတော့သည်
ဦးလင်းမောင်ကစိတ်ကောက်နေတဲ့သမီးကိုကျောင်းအမြန်ပို့လိုက်ရသည် မဟုတ်ရင်ဘယ်လောက်ဆက်ကောက်နေမယ်မသိ

ခြယ်ကျောင်းရောက်လို့လမ်းလျှောက်တာတောင်ဆောင့်ဆောင့်အောင့်အောင့်နဲ့ သူငယ်ချင်းတယောက်ခေါ်နေတာတောင်မကြားပေ
"ဟဲ့ ခြယ်ရေ"
"....."
"ဟဲ့ မိခြယ် ငါခေါ်နေတယ်"
"အမ် ဟုတ် ပြောလေ"
"အမ်မနေနဲ့ ပြီးရင်ကန်တင်းမှာပွဲရှိတယ်ကြားတယ် လာခဲ့ သဲလေး"
"အင်း လာခဲ့မယ် ငါသွားပြီ"
"အေးအေး"
'ကလျာငါ့ကိုပွဲလာကြည့်ဖို့ပြောသွားတာပဲ ဝတ်ရည်မနဲ့အလွှာမတို့ကိုပါခေါ်မယ် မလိုက်ရင်ရိုက်သတ်မယ်'

School love property <3Where stories live. Discover now