📜Write Your Own History📜

79.1K 766 56
                                    

သာသာ့ရဲ့ နောက်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 'Write Your Own History'ပါ... ဖတ်ကြည့်လို့ ongoing လိုက်လို့နောင်တမရစေမယ့်ဝတ္ထုလို့ အာမခံပါတယ်။ သာသာကတော့ ongoingလိုက်စေချင်ပါတယ်။ ၂၀၁၂ကာလများဆီကို readerတွေနဲ့အတူ တစ်ကျော့ပြန်သွားချင်လို့ပါ။ ongoingလိုက်တာ ပိုကောင်းမယ့်ဝတ္ထုမျိုးပါ။ ဒီဝတ္ထုကို 'Born To Love You'မတင်ခင်စပ်ကြားကာလ readerတွေနဲ့အဆက်ပြတ်သွားမှာစိုးလို့သာ တင်ပေးတာပါ။ Completeဖြစ်ရင် ပြန်ဖျက်ရနိုင်တဲ့ဝတ္ထုဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဥမထားဘဲ ongoingလိုက်ကြပါ။ ညတိုင်း ၈နာရီပါ။

ဒီဝတ္ထုဟာ ပြီးခဲ့တဲ့ ဖီးနစ်ငှက်နဲ့ အခု တင်ပြီးတဲ့ Twothလိုမဟုတ်ဘဲ ၂၀၁၂ ဝန်းကျင်ကို အခြေတည်ထားတဲ့ ကျေးလက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

'ဖိုးကွင်း'ဆိုတဲ့ တောကြိုအုံကြား ရွာလေးမှာ 'မြတ်သောလူ'ဆိုတဲ့ လူငယ်တစ်ယောက် ရှေးရိုးစွဲလူကြီးတွေနဲ့ အတွေးအခေါ်မဖွံ့ဖြိုးတဲ့ ရွာသူရွာသားတွေကြား ဘယ်လိုလွန်ဆွဲအားပြိုင်ရမလဲ၊ မွေးရပ်မြေ ရွာလေးကို ဘယ်လိုပြောင်းလဲ ပြုပြင်မလဲ။

'ရွှေဥသြ'ဆိုတဲ့ ကလေးမလေးကရော သူနဲ့ ဘယ်လိုအလွဲတွေနဲ့ဆုံစည်းပြီး ဖူးစာဖက်ဖြစ်လာမလဲ ဆိုတာ ကျေးလက်ဆန်ဆန်ရိုမန့်စ်လေးတွေနဲ့ဖတ်ရမှာပါ။

Twothမရေးခင် febလောက်က ရေးသားပြီးစီးခဲ့ပါတယ်။ ဆရာတပည့်တစ်ဖြစ်လည်း အသက် ၈နှစ်ကွာပြီး ရင့်ကျက်တည်ငြိမ်တဲ့ကိုကြီးနဲ့ စွာစိလန် ဆတ်ဆတ်ကြဲ ရွာစော်ကဲလေးရဲ့ အလွဲပေါင်းများစွာနဲ့ ကြည်နူးစရာဇာတ်လမ်းလေးဖြစ်မယ်ထင်ပါတယ်။

သာသာက ဟာသဇာတ်မြူးတွေ ဖတ်လေ့မရှိသလို ရေးရမှာလည်း အားမသန်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာတော့ အဖောက်အနှောက်လေးတွေ အနည်းငယ်ထည့်ထားပါတယ်။ ဒီဝတ္ထုကို ရေးဖြစ်ခဲ့ရတဲ့ တခြားရည်ရွယ်ချက်တွေကိုတော့ ခေတ်ကောင်းမှ ပြောဖြစ်မယ်ထင်ပါတယ်။ Write Your Own History ဆိုတဲ့အတိုင်း လူတိုင်း လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာချည်းပါပဲ။ ကိုယ့်လုပ်ရပ်တိုင်းဟာ ကိုယ့်သမိုင်း ဖြစ်လို့ ကိုယ့်သမိုင်း ကောင်းသလား ဆိုးသလားဆိုတာကိုလည်း ကိုယ့်လုပ်ရပ်တွေကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ နိုင်ငံရေးကိစ္စတချို့လည်း ပါတဲ့အတွက်ကြောင့် ခံယူချက်သဘောထား မတူတဲ့သူများ ကျော်သွားလို့ရပါတယ်။ character developmentတွေဖြစ်လာမှာမို့ ဇာတ်အိမ်က အဆုံးထိ ဆွဲခေါ်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။ ချစ်တဲ့ readerများ အားပေးကြပါဦးလို့🤍

Write Your Own HistoryWhere stories live. Discover now