📜အခန်း(၂၉)📜

9K 431 14
                                    


ဆရာကြီးဦးစံရွှေ ဖိုးကွင်းရွာ၏တရား၀င်အုပ်ချုပ်ရေးမှူးဖြစ်လာသည့်နောက်ပိုင်း ရွာမှာ လောင်းကစား၀ိုင်းတွေ၊အရက်၀ိုင်းတွေပိတ်ဖို့ တားမြစ်အမိန့်ထုတ်သည်။ ဘုရားထီးတော်နှင့်စိန်ဖူးတော်ပြင်ဆင်မည့်ကိစ္စအတွက် ရွာ၏ရန်ပုံငွေ စာရင်းအတိအကျယူ၏။ ဦးစိန်ဟန်တို့လှည့်ယူထားသည့်အလှူငွေစာရင်းကိုလည်း သေချာစိစစ်၍ တစ်ကျပ်မကျန်ပြန်အပ်စေသည်။

'အဲ့ဒါ တော်အသုံးမကျလို့ဖြစ်ရတာ ကိုစိန်ဟန်..ဥက္ကဋ္ဌရာထူးကနေဆင်းပေးရတဲ့အပြင် ကိုယ်ရထားတဲ့ငွေတွေပါ ပြန်ပေးနေရပြီ..'

ဦးစိန်ဟန့်မိန်းမ မသန်းနုက စောစောစီးစီး ခုနစ်အိမ်ကြားရှစ်အိမ်ကြား အော်ဟစ်ရန်လုပ်နေတော့သည်။

'တိုးတိုးပြောပါဟ မသန်းနုရ၊ ကိုယ့်ယောက်ျားအဆင်မပြေဖြစ်နေတာကို နှစ်သိမ့်ဖေးမပေးမယ်မရှိဘူး၊ ပူဂျီဂွမ်ဂျီလုပ်နေတော့တာပဲ..'

ဦးစိန်ဟန် စိတ်ညစ်ညူးစွာညည်းတွားနေတော့ ဒေါ်သန်းနုအသံက ပိုကျယ်လာကာ..

'ဒီလောက်ပူဂျီဂွမ်ဂျီလုပ်နေတာတောင် တော်အဖြစ်မရှိတဲ့ဟာ ..ဒီမိန်းမသာပါးစပ်ပိတ်နေရင် တစ်နေ့ထမင်းသုံးနပ်တောင်မှန်ပါ့မလား၊ သေတ္တာထဲကငွေတွေအကုန်ပါသွားတဲ့အပြင် ကျုပ်လက်ကောက်သုံးကွင်းပါ အဆစ်ထည့်ပေးလိုက်ရပါကော...'

'ဒီနှစ် နှမ်း၊ပဲပေါ်ရင် ပြန်လုပ်လိုက်လို့ရသားပဲ၊ ငါတို့မှာယာတွေကျန်ပါသေးတယ်...'

'အမလေး..ကိုစိန်ဟန်..အဲ့ဒီယာတွေသာထပ်ပြုတ်ရင် တော် ဒီအိမ်ပေါ်က ခေါင်းနဲ့ဆင်းရမယ်မှတ်..ကိုယ့်သမီးကသားဖွားဆရာမဖြစ်တော့မယ်..ဂုဏ်နဲ့ရာထူးနဲ့သန့်သန့်ခန့်ခန့်လေးရယ်...တော့်လိုအဖေမျိုးကြောင့်သမီးမျက်နှာငယ်မှာကြောက်မိတယ်..သိရဲ့လား.."

မေထိပ်ထား စာလုပ်နေရာမှ အောက်ထပ်မှစကားသံများကြောင့် စိတ်ရှုပ်လာမိသည်။ အဖေ ​ဥက္ကဋ္ဌရာထူးပြုတ်သွားကတည်းက အမေနှင့်နေ့တိုင်းလိုလိုရန်ဖြစ်စကားများနေတတ်ကာ သူမကျောင်းပိတ်ရက် အလည်ပြန်လာတာတောင် နားအေးပါးအေး မနေရပါ။
ရှူပ်ထွေးလှသည့်နိုင်ငံရေးကိစ္စ၊ရွေးကောက်ပွဲကိစ္စတွေကိုလည်း စိတ်ကုန်စိတ်ပျက်မိသည်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရသည်ပဲ။ ဘာကြောင့်များ ဒီအရေးကိုသာ စိတ်၀င်စား ခိုက်ရန်များနေကြသည်မသိချေ။ သူမကတော့ စာမှလွဲ၍ တခြားဘာကိုမှစိတ်မ၀င်စားနိုင်။

Write Your Own HistoryWhere stories live. Discover now