အနန္တ
ညချမ်းအချိန်အခါ တေးသံရှင် ဂျေညီညီ၏" လူပျိုကြီးပဲလုပ်တော့မယ် "သီချင်းကို အိမ်ရှေ့က ခုံတန်းရှည်လေးတွင် ခံစားချက်ပါပါသီဆိုနေသူတစ်ဦးရှိလေသည်။ည ၇နာရီခန့်ရှိပြီဖြစ်၍ ပတ်၀န်းကျင်တွင်လူသံသူသံများမတိတ်သွားသေးသော်လည်း ဂစ်တာသံမှာထိုအသံများထဲတွင် ဆက်တိုက်ထွက်ပေါ်နေသည်။
"အပျိုကြီး .....တကယ်လုပ်မှာလား ပြောစမ်းပါ ရည်ရွယ်တယ်မင်းအကြောင်းတွေ တကယ်လို့မင်းနဲ့မပေါင်းဖြစ်ရင်တော့ အားကျမခံ အပျိုကြီးပဲလုပ်တော့မယ်"
ထိုသူသည်သူကြိုက်သည့်နေရာတွင် အစားထိုးစကားလုံးသုံးသွားပြီး သီချင်းကိုစပ်ဖြဲဖြဲနှင့် ဘေးချင်းကပ်လျက်ခြံမှတိုက်၏၀ရန်တာကိုကြည့်ဆိုနေလေသည်။ထိုနှစ်ထပ်တိုက်၏ ၀ရန်တာတွင်မီးမထွန်းထားဘဲ ည၏လရောင်နှင့်သာ လက်ရန်းကိုကိုင်ရပ်နေသည့်အမျိုးသမီးတစ်ဦးကိုမြင်တွေ့နေရလေသည်။
ထိုအမျိုးသမီးမှာတိုက်အပေါ်ဘက်မှ အိမ်ရှေ့လမ်းဘက်ကို ရှေးရှူနေလေသည်။ထိုစဥ်တစ်ဖက်ခြံမှသီချင်းသံကိုကြားလျှင် မဲ့ရွဲ့လိုက်ကာ အိမ်ထဲသို့၀င်သွားလေသည်။ထိုအမျိုးသမီး၀င်သွားပြီးနောက် ဒန်းပေါ်၌ဂစ်တာတီးသီချင်းဆိုနေသည့်ကောင်မလေး၏ ရှေ့တည့်တည့်မှ လေးထောင့်သစ်သားစားပွဲပေါ်တွင်တင်ထားသည့် တယ်လီဖုန်းကအသံမြည်လာသည်။
အသံကြောင့် ဂစ်တာတီးနေသည်ကိုရပ်လိုက်ကာ ဖုန်း Contact name ကို ကြည့်လိုက်၏။အသက်မဲ့နေသည့်ဖုန်းကိုအသက်ရှိနေဟန်ဖြင့် လျှာထုတ်ပြပြီးမှ ဖုန်းကိုင်လိုက်စဉ်တွင် -
"နန်းရေကြည်"
"ပြောပါတီချယ်ဒေါ်သီတာထွန်းမြင့်"
"ဟဲ့ ကောင်မ ငါ့ကိုပြောင်စပ်စပ်လုပ်မနေနဲ့"
"တဒေါင်ဒေါင်တဒင်ဒင်နဲ့ နင့်ကိုယ်နင်လမ်းသရဲမှတ်နေလား"
"လမ်းသရဲမှဂစ်တာတီးရမှာလား ကြံကြီးစည်ရာ အံ့ကြီးထမီမပါ"
"ကိုယ့်ဘာသာညလေးအားလို့တီးတာဘာဖြစ်လဲ မနက်ဆိုကျောင်းသွားနေရတာ"
YOU ARE READING
သီတာရေကြည်(Completed)
Romance"တီချယ့်မှာသာအန်တီစိတ်တစ်၀က်သာရှိရင် ရေကြည်နဲ့ဒီလိုရှင်ကွဲကွဲခဲ့မှာမဟုတ်ဘူး" "သီတာနဲ့အန်တီကအသက်တော့တူချင်တူမယ် ခံယူချက်သဘောထားကကွာပြီလေ"
