ကျွန်မမသိ မယ်တော်သိ
"မာမား"
"ရှင် ရှင့်"
"ခုလိုမျိုးမိသားစုလိုက်အပြင်ထွက်မစားဖြစ်တာတောင်ကြာပြီနော်"
"မီးပျော်တယ်"
"ပါပါးသမီးလေးပျော်ဖို့အဓိကပါပဲကွယ် ပါပါးအတွက်ဘာမှမလိုဘူး"
"ဒီကရွှေအိမ်စံမင်းသမီးလေးပြုံးနေတာပါပါးအသက်ရှည်ဆေးပဲ"
"ကိုကို မိန်းမကရောအသက်ရှည်ဆေးမဟုတ်တော့ဘူးလား"
"ဟုတ်ပါ့ဗျာ သားမိနှစ်ယောက်လုံးကျုပ်အသည်းအသက်တွေချည်းပါပဲ"
"ပါပါး ကမ်းနားမှာဒီဆိုင်ရှိမှန်းမီးမသိဘူး"
"မြစ်ကြီးကလည်းနော် သာယာလိုက်တာ နေ့လည်ပိုင်းဆိုတော့နေရောင်တလက်လက်နဲ့ မြစ်ရေပြင်ကမျက်စိကျိန်းစရာ"
"ပါပါးလည်းတစ်လောကမှသိတာ မီးရထား၀င်းနားမှာဆိုင်သစ်ရှိတယ်ဆို ပါပါးတို့မိတ်ဆွေတွေကခေါ်သွားလို့"
"အစားအသောက်လည်းမဆိုးဘူးနော်ပါပါး"
"အသင့်အတင့်လေးပဲနော်"
"မီး နိုင်ငံခြားသွားဦးမလား"
"No ပါပါး"
"ပါပါးမြေ မာမားမြေမှာပဲနေတော့မယ်"
"ခုတလော သန့်သန့်တို့အိမ်ရောက်ဖြစ်နေတယ်ဆိုမီး"
"မာမားဘယ်လိုသိလဲ"
"သန့်သန့်ကို မီးဆီမာမားကိုယ်တိုင်လွှတ်ထားခဲ့တာ မီးကိုကြည့်ရတာအားမရလို့"
"ဒါဖြင့်ရင် အန်တီကမီးဆီသက်သက်ကိုရောက်လာတာပေါ့"
"သိပ်ဟုတ်မီး ပါပါးတို့အတွက်ညီမသန့်က ကျေးဇူးရှင်ပဲ"
"ပါပါး မာမား ဒါဆို အားလုံး သိကုန်ပြီပေါ့နော်"
"မီးကိုအပြစ်မတင်တော့ဘူးလား မီးကို ..."
"ပါပါးပြောမယ် ပါပါးသမီးကမိန်းမပဲယူယူ ယောင်္ကျားပဲယူယူ ပါပါးသမီးကပါပါးသမီး ဘာမှမပြောင်းလဲဘူး"
YOU ARE READING
သီတာရေကြည်(Completed)
Romance"တီချယ့်မှာသာအန်တီစိတ်တစ်၀က်သာရှိရင် ရေကြည်နဲ့ဒီလိုရှင်ကွဲကွဲခဲ့မှာမဟုတ်ဘူး" "သီတာနဲ့အန်တီကအသက်တော့တူချင်တူမယ် ခံယူချက်သဘောထားကကွာပြီလေ"
