အပိုင်း - ၂၅(Unicode)

3.8K 194 15
                                        

                "အချစ်၏အချိန်အခါ"
  

   နေကောင်းကျန်းမာပြီဖြစ်၍ ခါတိုင်းကဲ့သို့ပင် ရုံးနှင့်အိမ်ကူးသန်းရသည့်နေ့ရက်များသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။လူသားတိုင်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများအတွင်း အချိန်ကုန်ဆုံးမှုတို့မှာ ရေကြည်ထံသို့ပြန်လည်ရောက်ရှိလာခဲ့ပေသည်။ခွင့်ယူထားသည့်ရက်များအတွင်း အိမ်တွင်သက်သက်သာသာနားနေခဲ့သော်လည်း ရုံးပြန်တက်ချိန်တွင် အလုပ်တို့မှာ တရဆက်ပြန်ဖြစ်နေသည်။

     ဤမျှလောက်နားလည်မှုနှင့်ခွင့်ရက်ပေးကာ အလုပ်မထွက်ရသည်ကိုပင်ကျေးဇူးတင်ရတော့မည်။နားရက်တို့ကုန်ဆုံးပြီး အလုပ်ခွင်သို့တစ်ဖန်ပြန်လည်၀င်ရောက်ချိန်တွင် လုပ်စရာတို့ကတစ်ပုံတစ်ပင်ရှိနေသော်ငြား အာရုံမှာမအားလပ်၍ အိမ်ပြန်ချိန် ချစ်ရသူဆီအခစား၀င်ရန်တောင် အချိန်မရ။နှစ်ပတ်ခန့်ကြာမှ ချစ်ရသူဆီ အချိန်အားလျော်စွာ ရောက်သွားတော့သည်။

    မလာခင်ကြိုအကြောင်းကြားထား၍ ဒေါ်နှင်းရည်သန့်ရုံးခန်းထဲတွင် စောင့်နေလေသည်။ပုံ့ပုံ့ကိုရုံးစောစောဆင်းခိုင်းထား၍ ရုံးခန်းထဲတွင် တစ်ယောက်တည်းသာရှိသည်။နန်းရေကြည်သည်ထုံးစံအတိုင်း မြူးထူးသောအမူအရာဖြင့် အခန်းထဲ၀င်လာကာ အလုပ်စားပွဲရှေ့က သီးသန့်ထိုင်ခုံရှည်တွင် သူမအနားကပ်ထိုင်လိုက်သည်။ရုံးခန်းထဲတွင် အခြေအနေကြည့်ကာ ပါးကိုအနမ်းတစ်ချက်ခရီးရောက်မဆိုက်ပေးလိုက်ရင်း -

"အန်တီ လွမ်းနေတာ"

"ခုမှအားလို့လာဖြစ်တော့တယ်"

"စိတ်ဆိုးနေလားဟင်"

"၀င်လာကတည်းကမျက်နှာကြီးကတည်လို့ပါလား"

"အလုပ်ကစိတ်ဖိစီးစရာတွေများရှိနေတာလား"

"ပြောပါဦး မျက်နှာကလည်းနွမ်းဖတ်လို့"

"ဘာဖြစ်နေတာလဲဟင်အန်တီ"

"ဘာမှအထွေအထူးမရှိပါဘူးသမီးရယ်"

"ညဘက်အိပ်ရေးပျက်တာများနေလို့လူကသိပ်မလန်းတာပါ"

"ဒါဆို ဆေးခန်းသွားပြမလား"

သီတာရေကြည်(Completed) Where stories live. Discover now