အပိုင်း - ၁၆ (Unicode)

2.2K 211 38
                                        

                     သူ့အထင်ကိုယ့်အမြင်

      ခြံ၀န်းကျယ်ကြီး၏နောက်ဖေးတွင် ဒန်းအနီလေးတစ်ခုရှိပြီး ညချမ်း၏တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်အတူ ကော်ဖီခွက်ကိုင်ကာ ‌ပြင်ဦးလွင်၏အအေးဓာတ်ကို ခံစားကြည့်မိသည်။ကားသံလူသံသိပ်မကြားရ၍ အေးချမ်းဆိတ်ငြိမ်ခြင်း၏အရသာကို အပြည့်အ၀ခံစားရသည့်ညလေးတစ်ညပင်ဖြစ်တော့သည်။

     ကြယ်စုံလင်းလက်နေပြီး အအေးဓာတ်‌လေးကလည်း လက်ထဲကကော်ဖီခွက်ဆီသို့တွန်းပို့နေတော့သည်။ဒန်းအနားတွင် အရိပ်ကောင်းကောင်းတမာပင်ခပ်ကြီးကြီးရှိပြီး တမာပွင့်အကြွေတို့လည်း မြေပေါ်တွင်ဖွေးဖွေးလှုပ်။လရောင်သာရှိပြီး လျှပ်စစ်မီးမထွန်းထားသည့်နေရာလေးတွင် ‌ညနေပိုင်းကအဖြစ်တစ်ချို့အားတွေးမိနေသည်။တွေးရင်းအလိုက်သင့်ပြုံးနေပါသောနှုတ်ခမ်းပါးတို့ကသက်သေဖြစ်ပါလိမ့်မည်။

       "သီတာ သီတာ"

       "နင်ပြန်လာတာငါ့တောင်မပြောဘူး"

      အတွေးများနေတုန်း အသံတစ်ခုကြားရ၍ မှောင်မှောင်မဲမဲ အသံလိုက်ရှာရသည်။ဒန်း၏နောက်ကျောကဖြစ်ဟန်ပေါ်၍ ကြည့်လိုက်လေလျှင် အလင်းတစ်ခုက ရေကြည်မျက်နှာကိုလာထိုးနေပေသည်။စူးဝါးသောအလင်းကြောင့် ချက်ချင်းမျက်လုံးကိုလက်ဝါးဖြင့်ကာလိုက်မိသည်။

"ဪ သီတာမှတ်နေတာ"

"သီတာရှိလား"

"ရှင်"

"ဒီအိမ်မှာသီတာမရှိပါဘူးရှင့်"

"ဪ ရှိပါတယ် Alice လို့ပြောလိုက်"

"တစ်အိမ်လုံးသိတယ်"

"ဟိုလေ ..."

        နောက်ဖေးကဆူညံသံကြား၍ မီးဖွင့်လိုက်ပြီး ထွက်လာသောဒေါ်နှင်းရည်သန့်ကိုတွေ့လိုက်ရာ အမှောင်ထဲမှအသံပိုင်ရှင်က အရပ်ခပ်မြင့်မြင့် အသားဖြူဖြူနှင့်အမျိုးသမီးတစ်ဦးဖြစ်နေမှန်းသိတော့သည်။ဒေါ်နှင်းရည်သန့်မှာ ထိုအမျိုးသမီးကိုမြင်သွားပုံရသည်။ခြံချင်းစပ်နေသည့်နောက်ဖေးပေါက်ဆီသို့ လျှောက်သွားကာ ဖွင့်ပေးလိုက်သည်။ထိုအခါမှ -

သီတာရေကြည်(Completed) Where stories live. Discover now