အပိုင်း - ၂၁(Unicode)

2.5K 209 19
                                        

             အမှောင်လွှမ်းသည့်နေ့

       မနက်ခင်း ၁၀နာရီခန့်အချိန် ရေကြည်ရုံးမှခွင့်ယူကာ အိမ်တွင်အနားယူနေသောရက်ဖြစ်သည်။အအေးမိ၍အဖျားတက်နေသဖြင့် ခွင့်တင်ပြီး အိမ်၌သာနေဖြစ်သည်။နေမကောင်း၍ ဝေးဝေးလံလံဘယ်မှမသွားချင်။သို့သော်အခန်းထဲတွင် အများသူငါနေမကောင်းဖြစ်သလို လှဲမနေလိုပြန်။

     ထို့ကြောင့် အခန်းထဲမှ အင်္ကျီလက်ရှည်အပါးလေးတစ်စုံနှင့်ထွက်လာကာ အိမ်ရှေ့ကဒန်းလေးဘက်ထွက်လာခဲ့သည်။လက်ထဲတွင်လည်း earphone ကိုကိုင်လာသည်။ခန္ဓာကိုယ်မှာနွမ်းလျနေသော်လည်း သီချင်းအေးအေးလေးများနားထောင်လိုက်လျှင်ဖြင့် စိတ်အာရုံများတက်ကြွလာမည်ဟုထင်မိသောကြောင့်ဖြစ်လေသည်။

       ဒန်းပေါ်ရောက်လျှင် earphone နှင့်ဖုန်းကို join လိုက်ပြီး သီချင်းတစ်ပုဒ်ကိုနားထောင်လိုက်သည်။ဖိုးချို၏ ကဗျာမျက်နှာသီချင်းမှာ နှလုံးသားတွင်ပန်းချီပုံလေးတစ်ပုံ ချက်ချင်းရေးဆွဲမိစေသည်။ဒုတိယသီတာ သို့မဟုတ် အုပ်အုပ်။သီချင်းနားထောင်ရင်း ခြေထောက်ကလည်းဒန်းကိုလွှဲနေပေသည်။စိတ်ကူးထဲတွင် အချစ်လိပ်ပြာလေးရစ်ဝဲနေပေပြီ။

      လိပ်ပြာကလေးဆီ အချစ်စိတ်တို့ကရောက်နေ၍ သတိပိုရလာသည်။သီချင်းခဏရပ်လိုက်ပြီး ဖုန်းကောက်ခေါ်မိလိုက်သည်။နေထိုင်မကောင်းချိန်တွင် ခို၀င်ချင်သည့်ရင်ခွင်ကို တံခါးခေါက်လိုက်သည်။

"ဟယ်လို အန်တီ"

"သမီး"

"ခုချိန်ကြီးဘာကိစ္စလဲရှင်"

"မအားဘူးလား ရေကြည်ဖုန်းချလိုက်မယ်နော်"

"မဟုတ်ပါဘူး ရုံးခန်းထဲမှာနေတာ ရုံးအလုပ်တော့လုပ်နေတာပါပဲ"

"သိပ်ပြီးများတဲ့အချိန်မဟုတ်ဘူး"

"ဘာဖြစ်သလဲ အသံလည်းမကောင်းပါလား"

"ရေကြည်နေမကောင်းလို့ ဒီနေ့ရုံးမသွားဘူးအန်တီ"

"မနေ့ညကဖျားနေလို့ လေးမြတ်ဆေးလာထိုးပေးတယ်"

"ခုတော့ လူကသိပ်မလှုပ်ချင်တာနဲ့ခွင့်ယူလိုက်တာ"

"အားလည်းနည်းသလိုပဲ ဖျားတာကအရင်နေ့ကတည်းက ဆေးသောက်ပြီးအလုပ်သွားတာပဲ"

သီတာရေကြည်(Completed) Where stories live. Discover now