"သီတာမုန်းတဲ့အချစ်လူကြမ်း"
"ညီမလေးရေ"
"ရှင် မမထက်"
"ညနေဘက် ချမ်းမြသာစည်ထဲက site ကိုသွားဦးမယ်"
"မမနဲ့လိုက်ခဲ့ဦး အဲ့ဒီကအပြန် dinner"
"တစ်မြို့တည်းနေကြတာ ဒီနေ့တစ်ရက်တော့ အစ်မကားပြင်ထားလို့ကူဦး"
"ရပါတယ်မမထက်ရဲ့ ရေကြည်စီနီယာပဲ ပြောစရာအထူးမလိုပါဘူး"
"Dinner က ည၈နာရီလောက်မှပြီးမှာ ကားမောင်းရမှာအတော်အသင့်သောက်နော်"
"ရုံးကဟာတွေကသိတဲ့အတိုင်းပဲ ကိုမိုးသူတို့အင်ယာ team အဆိုးဆုံး"
"၀မ်းရှော့ ၀မ်းရှော့ဆို အတင်းတိုက်တာ အင်ယာတွေဆိုသည်မှာ ကျားမရောနှောနေတော့လည်း ခက်တာပဲ"
"ပွဲမှာခုဆိုအသောက်အစားလေးပါလိုက်မှ ပွဲမြိုင်တာတဲ့"
"မမထက်ကလည်းအပျိုကြီးပီသတယ်နော် ပေါက်ပေါက်ကအရမ်းဖောက်"
"အမယ်လေး ကျွန်မကသောက်ဖူးသောက်စရှိပါသတဲ့နော် ရှင်သာဂျင်းထည့်ခံရမှာစိုးလို့"
"စေတနာတွေ နားမလည်ဘူး"
"မူးရင်မမောင်းဘူး မမထက်ပဲမောင်းလိုက်"
"မမတို့အိမ်ကမြို့တော်ခန်းမနားဆိုတော့ နီးပါတယ်ရေကြည်နဲ့"
"ရှောင်မရလည်းရေကြည်သောက်လိုက်မယ်လေ မမထက်ကားမောင်းလိုက်"
"မတိုက်ခင်ကသောက်ချင်နေပြီနော် ဟွန်း"
"ကြပ်ကြပ်သတိထားနော်ညီမလေး အဲ့ဒီအုပ်စုနဲ့ဝေးဝေးနေ"
အလုပ်၀င်လာသည့်လအနည်းငယ်အတွင်း တစ်ရုံးတည်းဆုံမိသည့် တစ်ဦးတည်းသောစစ်ကိုင်းသူပင်တည်း။အပြောအဆိုသွက်လက်ပြီး အလုပ်လုပ်ရာ၌တိကျပြတ်သားမှုရှိသည့်အလျောက် ရုံးတွင်လည်းလေးစားချစ်ခင်ကြသည့် အသက်၃၀အရွယ် အင်ဂျင်နီယာ ထက်ထက်နိုင်ဖြစ်လေသည်။
YOU ARE READING
သီတာရေကြည်(Completed)
Romance"တီချယ့်မှာသာအန်တီစိတ်တစ်၀က်သာရှိရင် ရေကြည်နဲ့ဒီလိုရှင်ကွဲကွဲခဲ့မှာမဟုတ်ဘူး" "သီတာနဲ့အန်တီကအသက်တော့တူချင်တူမယ် ခံယူချက်သဘောထားကကွာပြီလေ"
