အပိုင်း - ၁၃ (Unicode)

2K 183 20
                                        

           အတိတ်ဒဏ်ရာ

       ကျောင်းမှအပြန် ဟင်းချက်စရာ၀ယ်ရန်ဈေးသို့မသွားတော့ဘဲ အိမ်တွင်ရှိသည့်ခရမ်းချဉ်သီးနှင့်ဆိတ်သားခြောက်ကလေးတုံးတစ်ချက်မည်ဟု စိတ်ကူးထားသဖြင့် ဇေယျာလမ်းထဲသို့ ကားကို‌ချိုး၀င်လာခဲ့သည်။၀ယ်နေကျဖောက်သည်ဆိုင်ရှိပြီး ဈေးမှန်ပစ္စည်းမှန်၍ အမြဲ၀ယ်ဖြစ်လေသည်။အကောင်းကြိုက်သူများသွားကြသဖြင့် ထိုဆိုင်လေးမှာနာမည်ရလေသည်။

      ဆိုင်ခန်းရှေ့တွင်ကားရပ်လိုက်ပြီး ဆိုင်ထဲသို့၀င်ကာ ဆိတ်သားခြောက်ခြင်းထဲမှ ဆိတ်သားခြောက်တို့ကိုရွေးချယ်လိုက်သည်။ရွေးချယ်ထားသည့်ဆိတ်သားခြောက်တို့ကို နောက်ထပ်ခြင်းတစ်ခြင်းနှင့်သက်သက်ထည့်လိုက်ကာ ဈေးသည်အမျိုးသမီးအား ကမ်းပေးလိုက်ပြီး -

"အစ်မရေ အဲ့တာသာချိန်ပေးတော့"

"ဘယ်လောက်ကျလဲ"

"၂၀၀၀၀‌ပါညီမ"

"ဟုတ်ကဲ့"

       Wallet အနက်ကလေးထဲမှငွေစက္ကူအချို့ကိုထုတ်လိုက်ပြီးငွေရှင်းနေရာ -

"ညီမလေး ကြက်အူချောင်းလေးတွေရှိသေးလား"

"ရှိတယ်အစ်မရေ"

"အစ်မမလာ‌တာတောင်အတော်ကြာပြီနော"

      အသံကိုကြားဖူးနေသယောင်ရှိ၍ အာရုံထားလိုက်မိသည်။သေချာကြည့်မိမှ -

"မမရွှေ"

     ဒေါ်နှင်းရည်သန့်ခေါ်လိုက်၍ ဒေါ်နန်းရွှေရည်က ပြုံးပြလိုက်ကာ ၀မ်းသာအားရရှိပုံဖြင့် -

"သန့်သန့် ငါ့ညီမလေး"

"ဈေးလာ၀ယ်တာပေါ့"

"ဟုတ်တယ်မမရွှေ"

"အချိန်ရရင် မမနဲ့ကောလိပ်နားကအအေးဆိုင်ခဏနဲ့လိုက်ခဲ့ကွယ်"

"ပြောစရာထက် တိုင်ပင်စရာပေါ့သန့်သန့်ရယ်"

"မတစ်ထောင်ဘွားတွေကိုအုပ်ချုပ်နေရတဲ့ငါ့ညီမလေးဆီကအကြံဉာဏ်လေးတောင်းရင်း ဆွေးနွေးချင်တယ်"

"ရပါတယ်မမရွှေ"

"ကျောင်းကအပြန်ဆိုတော့ သန့်သန့်အလုပ်မရှိတော့ပါဘူး"

သီတာရေကြည်(Completed) Место, где живут истории. Откройте их для себя